ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ပြီး အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပူးတွဲသဘာပတိ ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ၏

အစည်းအဝေးများသို့ ပါဝင်တက်ရောက်ပြီး အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပူးတွဲသဘာပတိ ဆောင်ရွက်

===========================================================

နေပြည်တော် စက်တင်ဘာ ၁၀

 

အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ အာဆီယံ- သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-နယူးဇီလန်နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးများကို ယနေ့ နံနက် ၇ နာရီခွဲမှ စတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တက်ရောက်သည်။

အမြင်ချင်းဖလှယ်

 

အစည်းအဝေးများတွင် နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံနှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး အနာဂတ် တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အလား အလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေး၏ လက်ရှိညှိနှိုင်းရေးမှူးတာဝန်ကို ရယူထား သည်ဖြစ်ရာ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကနေဒါနိုင်ငံ ခြားရေးဝန်ကြီး Mr. François-Philippe Champagne နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးသည် ပုံမှန်တိုးတက်လျက်ရှိသည့် အပြင် အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့် ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၀)ကို အကောင် အထည်ဖော်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိနေခြင်းကို တန်ဖိုးထားကြောင်း ထည့်သွင်းပြောကြား ခဲ့ပြီး အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို အားလုံးပါဝင်မှု၊ သာတူညီမျှရှိမှု၊ အပြန်အလှန်လေးစားမှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတို့အပေါ်တွင် အခြေခံ လျက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နယ်ပယ်များ ကို ဆွေးနွေးပြောကြားသည်။

 

အတည်ပြု

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ကနေဒါ နိုင်ငံတို့အကြား လက်ရှိမိတ်ဖက်ဆက်ဆံရေးကို တိုးတက် ခိုင်မာစေရန်နှင့် ဆွေးနွေးဖက်ဆက်ဆံရေးကို အဆင့်မြှင့် တင်ရန်တို့အတွက် ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြားတွင် အပြန်အလှန်ယုံကြည်မှု၊ ထိတွေ့ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန် အရေး ကြီးကြောင်း အလေးထားပြောကြားသည်။ အစည်းအဝေး အပြီးတွင် ဝန်ကြီးများက အာဆီယံ-ကနေဒါ မိတ်ဖက် ဆက်ဆံရေး တိုးမြှင့်ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကို အတည်ပြုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ နှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲတို့သို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်