ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


 

နေပြည်တော် အောက်တိုဘာ ၂၆


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး မစ္စစ် အင်န်အဲလစ်ဇဘက် လုဝီမား အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နယ်သာလန်သံအမတ်ကြီးအား မြန်မာ နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အတွက် ဝမ်းမြောက်ကြောင်းကို ဦးစွာပြောကြားခဲ့ပြီး မြန်မာ-နယ်သာလန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေး၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲရေးစသည့်ကဏ္ဍတို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့သွားရေးကိစ္စ၊ မြန်မာ နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲများအား ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး တို့နှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များတွင် ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံအနေဖြင့် အပြုသဘော ကူညီပံ့ပိုးပေးသွား နိုင်မည့် အခြေအနေတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်