ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်     ဇူလိုင်     ၂၇


သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက ခေတ်မီစံပြကျေးရွာ အဖြစ်   အကောင်အထည်ဖော်  ဆောင်ရွက်လျက် ရှိသော ဇလွန်မြို့နယ်   အဗျဉ်းလယ်ဦးကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  တစ်ပိုင်တစ်နိုင်   ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး ဆောင် ရွက်ပေးမှု၊  စိုက်ပျိုးရေးလုပ်ငန်းများအတွက်  မျိုး၊ ဓာတ်မြေဩဇာ၊  သွင်းအားစုများ ထောက်ပံ့ပေးမှု၊ အသေးစား တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်း ရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ များဖြင့်   လိုအပ်သည့်မတည်ရင်းနှီးငွေများ  ပံ့ပိုး  ဆောင်ရွက်ပေးမှုအခြေအနေများကို    ရှင်းလင်း ပြောကြားကာ ကျေးရွာတောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ကျေးလက်စီးပွားမြင့်မားရေး  ရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၀၀ နှင့်      ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေကျပ်သိန်း  ၃၀၀ တို့ကို ကျေးရွာ ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာပိုင်မြေပေါ်၌  ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ပိတောက်၊ ရေတမာ၊ ကျွန်း  စသည့်နှစ်ရှည်ပင်များ စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဆင-ဆုံကုန်း-ထန်းပင်ကန် ကျေးရွာချင်းဆက် လမ်းကို   ကွန်ကရစ်လမ်းအဖြစ်   အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး၊ သတ်မှတ်စံချိန် စံညွှန်း အရည်အသွေးပြည့်မီစေရေး၊ လမ်းရေရှည်  ကောင်းမွန်စေရေး     ကိစ္စရပ်များကို     ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် အင်္ဂပူမြို့ မြို့နယ်ခန်းမ၌ ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးမည့် တောင်သူများ၊ မိုးစပါးစိုက်တောင်သူ များနှင့် တွေ့ဆုံ၍ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာ တိုးချဲ့စိုက်ပျိုးရန်  ဆောင်ရွက်နေမှု၊ ဆီထွက်သီးနှံ စိုက်ပျိုးသူများကို နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ  မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ ပေးလျက်ရှိမှု၊   အရည်အသွေးမီမျိုးများ   ရရှိရေး ဆောင်ရွက်ပေးမည့်   အစီအမံများ၊   လိုအပ်သော နည်းပညာနှင့်   ဝန်ဆောင်မှုများပေးနေမှု၊ ချေးငွေ များအား သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီး မြန်အောင်၊ ကြံခင်း၊  အင်္ဂပူ စသည့် မြို့နယ်သုံးမြို့နယ်ရှိ သမဝါယမအသင်း  ၃၆ သင်း ၏ စိုက်ဧက ၁၄၁၁ ဧကအတွက်   ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးထုတ်လုပ်ရန် အရင်းမပျောက် မတည်ငွေများကို   အသင်းသားတောင်သူများထံ လွှဲပြောင်းပေးအပ်ကာ တောင်သူများ၏ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်းမြို့နယ် အုတ်ဖိုကျေးရွာသို့ ရောက်ရှိပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ သင်တန်းသူ ၂၀  ကို  ဖွင့်လှစ် ပို့ချလျက်ရှိသော    အခြေခံစက်ချုပ်နည်းပညာ သင်တန်း သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများကို  လုပ်ငန်းသုံးပစ္စည်း များ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊  ကျေးရွာ များရှိ  Grade-9  အောင်မြင်ပြီးသူများ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေး  စာရင်းကိုင် သက်မွေးပညာ  သင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင် ကြောင်း၊ အဆိုပါသင်တန်းကျောင်း တက်ရောက်ပြီး  ပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ် များ၊   သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာတက္ကသိုလ် များသို့  ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မည် ဖြစ်ကြောင်း ပြောကြား၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ  သည်။                                          

သတင်းစဉ်