
နေပြည်တော် ဩဂုတ် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြား ရေးမှူး မစ္စတာ အလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား - မြန်မာ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း မြေဆီလွှာ အရည်အသွေး ကောင်းမွန်စေပြီး စိုက်ပျိုးရေး ဆိုင်ရာ အကျိုးအမြတ်ရရှိစေရန် အတွက် ရုရှားနည်းပညာသုံး ရွက်ဖျန်း အားဆေးရည်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး၊ နှစ် နိုင်ငံစီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation – MOC) လက်မှတ် ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ စက်ရုံ တည်ဆောက်ရန် မြေနေရာရရှိ ရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ သဘာဝ ရွက်ဖျန်းမြေဩဇာ ဆေးရည် တင်သွင်းမည့်ကိစ္စ၊ မြေပြင်တွင် လက်တွေ့စမ်းသပ် စိုက်ပျိုးသွားမည့်ကိစ္စ၊ တောင်သူအသိပညာပေးရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များ ရှိပါက လည်း ပံ့ပိုးကူညီမည့်ကိစ္စရပ်များ ကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်