
ရန်ကုန် ဇူလိုင် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာစည် သာသနာ့ရိပ်သာလမ်းရှိ ယခင်မော်ကွန်းရုပ်ရှင် ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှု၍ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ မော်ကွန်းရုပ်ရှင်ရုံးခွဲ အဆောက်အအုံ အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများက မော်ကွန်းရုပ်ရှင်ရုံးခွဲ၏ တည် နေရာအနေအထားနှင့် မြေပိုင်ဆိုင် မှုအခြေအနေ၊ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စီစဉ်ဆောင် ရွက်ရန် လျာထားသည့် အခြေ အနေနှင့် အဆောက်အအုံကြီး ကို ရှေးမူရှေးဟန်မပျက် ပြင်ဆင် ထိန်းသိမ်းလျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခု အဆောက်အအုံသည် နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အအုံကြီး ဖြစ်သဖြင့် တန်ဖိုးထားထိန်းသိမ်း ရန် လိုအပ်မှု၊ အနာဂတ်ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရန် လိုအပ် မှု၊ နိုင်ငံတော်အစိုးရက ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးနေမှု နှင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုတို့ကို ဆွေးနွေးမှာကြားကာ အဆောက် အအုံ ပြင်ဆင်ထိန်းသိမ်းမှု အခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မော်ကွန်းရုပ်ရှင် ရုံးခွဲ အဆောက်အအုံသည် ၁၉၂၅ ခုနှစ် တွင် တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင် ဇာတ်ကားများ ဆင်ဆာကြည့်ရှု ခြင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်နိုင်ရေးအတွက် စိစစ် အကဲ ဖြတ်ခြင်းလုပ်ငန်းများကို ဆောင် ရွက်ခဲ့သည့် အဆောက်အအုံဖြစ် သည်။ ယခုအခါ ယင်းအဆောက် အအုံကို စနစ်တကျ ပြင်ဆင်ထိန်း သိမ်း၍ ရုပ်ရှင်ဆိုင်ရာ သင်တန်း များကို ဖွင့်လှစ်ရန် စီမံဆောင် ရွက်လျက်ရှိသည်။
သတင်းစဉ်