ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော်   ဇွန်   ၁၉


(၅)ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် (5th Lancang-Mekong  Audiovisual  Week)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  အခမ်း အနားသို့  တက်ရောက်ခဲ့ကြသည့် လန်ချန်း - မဲခေါင်အဖွဲ့ဝင်  နိုင်ငံ များနှင့်   တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန် ၁၈   ရက်တွင်   ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင် ကရနေရာများသို့     သွားရောက် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ ဇွန် ၁၈ ရက်  မနက်ပိုင်း တွင်  ကူမင်းမြို့ရှိ  ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Kunmin University of Science and Te-chnology)   တွင်   ဘာသာရပ် ဆိုင်ရာများအလိုက်       ပညာ သင်ကြားနေမှု၊ နယ်ပယ်အသီးသီး အလိုက်    သိပ္ပံနှင့်   နည်းပညာ ဆိုင်ရာ   ဆန်းသစ်တီထွင်နေမှု၊ AI နည်းပညာဆိုင်ရာ သုတေသန နှင့်       သိပ္ပံဓာတ်ခွဲခန်းများ ကျယ်ပြန့်စွာ        လုပ်ကိုင်နေမှု၊ ဘာသာစကား    ၁၀၈    မျိုး၏ ပင်ကိုအသံနှင့်     ဘာသာပြန်ဆို ခြင်း လုပ်ငန်းစဉ်တွင် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းအပါအဝင်   အရှေ့တောင် အာရှနှင့် အာရှဘာသာစကားများ ကို  အထူးအလေးထားလုပ်ကိုင်နေမှုတို့ကို   ကြည့်ရှုလေ့လာကြ သည်။   အဆိုပါ   တက္ကသိုလ်ကို ၁၉၅၄      ခုနှစ်တွင်       စတင် တည်ထောင်ခဲ့ပြီး  အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ      ယခုအခါ ကျောင်းသား ကျောင်းသူ ၅၃၀၀၀ ကျော်   တက်ရောက်လျက်ရှိပြီး ၎င်းတွင်      ပြည်ပနိုင်ငံများမှ လာရောက်   တက်ရောက်နေသူ ၅၈၃ ဦး ပါဝင်ကြောင်းသိရသည်။
လှည့်လည်ကြည့်ရှုလေ့လာ
ဆက်လက်၍ ယူနန် ရုက္ခဗေဒ နှင့်ဇီဝနည်းပညာအုပ်စု (Yunnan Botanee Bio-Technology Gro-up Co.,Ltd. သို့ သွားရောက်ကြပြီး သဘာဝပစ္စည်းများ    အခြေခံပြီး သုတေသနအဆင့်ဆင့်   ပြုလုပ်၍ စနစ်တကျ ထုတ်လုပ်လျက်ရှိသည့် Winona အမည်ဖြင့် အလှကုန်နှင့် အရေပြား      ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်၍ ကျယ်ပြန့် စွာ       ဖြန့်ချိရောင်းချမှုအား လှည့်လည်ကြည့်ရှု     လေ့လာကြ သည်။
စျေးကွက်ချဲ့ထွင်
အဆိုပါ   ကုမ္ပဏီကို     ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရေပြားဆိုင်ရာ ကျန်းမာရေးနှင့် ပြည့်စုံစေရေး စောင့်ရှောက်နိုင်ရန် အထူးအလေးထားဆောင်ရွက်မှု နှင့်အတူ သုတေသနဖွံ့ဖြိုးတိုးတက် ရေး၊ ထုတ်လုပ်ရေးနှင့် စျေးကွက် ချဲ့ထွင်ရေးအတွက်     အုပ်စုဖွဲ့၍ ဆောင်ရွက်လျက်ရှိရာ Skincare လောကတွင်   နှစ်ပေါင်းများစွာ ဦးဆောင်လျက်ရှိကြောင်း  သိရ သည်။
ညနေပိုင်းတွင်   လေ့လာရေး အဖွဲ့များသည် ယွိရှီမြို့ရှိ ချွန်ကျန်း သဘာဝ     ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပြတိုက်သို့    သွားရောက် လေ့လာကြပြီး      ကျောက်ဖြစ် ရုပ်ကြွင်းအမျိုးအစား ၂၀ ခေါင်းစဉ် အောက်ရှိ မျိုးစိတ်ပေါင်း ၃၀၀ ကို သုံးထပ်     အဆောက်အဦတွင် အထပ်အလိုက်      အခန်းများနှင့် ပြကွက်များခွဲခြားပြုလုပ်၍ ဒစ်ဂျစ် တယ်နည်းပညာ၊  လျှပ်စစ်မီးနှင့် အသံစနစ်များ     ပေါင်းစပ်ပြီး ခင်းကျင်းပြသထားမှုများကို လှည့် လည်ကြည့်ရှုလေ့လာကြသည်။
အဆိုပါပြတိုက်အား     ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး   ၎င်းပြတိုက်ပုံစံသည် အာရှတွင် တစ်ခုတည်းသာရှိနေပြီး ယူနက်စကို အသိအမှတ်ပြုထား သော     ကမ္ဘာ့အမွေအနှစ်တစ်ခု အဖြစ် ထင်ရှားကျော်ကြားသည်။
ယင်းနောက်  လေ့လာရေးအဖွဲ့ များသည်   ယွိရှီခရိုင်    ချွန်ကျန်း မြို့နယ်အတွင်းရှိ  မားဖန်ကျေးရွာ သို့ ဆက်လက်သွားရောက်ကြပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းထား သော    ပြတိုက်ငယ်နှင့်   စုပေါင်း အရောင်းဆိုင်၊       ရိုးရာအစား အသောက်များ   အိမ်ဆိုင်ဖွင့်လှစ် ရောင်းချမှုနှင့်   တည်းခိုခန်းများ ဖွင့်လှစ်ဆောင်ရွက်မှု၊ စိုက်ပျိုးရေး အခြေခံထုတ်ကုန်များ ထုတ်လုပ် ပြီး    စီစဉ်ရောင်းချမှု၊    နှစ်ရှည် စားပင်/ပန်းပင်များ    အပါအဝင် ရာသီပန်းများကို    အချိန်ကိုက် စိုက်ပျိုးပြသမှု၊ သဘာဝကြာကန် များနှင့်     ရွာပတ်ကမ်းနားလမ်း ဖောက်လုပ်ထားရှိမှုတို့ကို  လှည့် လည်ကြည့်ရှုလေ့လာကြသည်။
အဆိုပါကျေးရွာသည် ၂၀၁၉ ခုနှစ်က ယူနန်ပြည်နယ်၏  လှပ သော ကျေးရွာဆု၊ ၂၀၂၁  ခုနှစ် တွင်     ကျေးရွာတစ်ခုထုတ်ကုန် တစ်ခု အမျိုးသားစံပြဆုနှင့် ၂၀၂၃ ခုနှစ်တွင် ယွိရှီမြို့၏ ကြယ်ငါးပွင့် အဆင့်ရှိသော လှပသည့်ကျေးရွာ ဆုများ   ရရှိထားပြီး   ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း များအခြေခံသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏  တောက်ပ သော   စံပြကျေးရွာအဖြစ်   အသိ အမှတ်ပြုခံထားရပြီး   ရပ်တည်နေ ကြောင်း သိရသည်။
ထို့နောက် ယွိရှီနှင့် ချွန်ကျန်း ဒေသရှိ         ဖုဟိုင်ဝမ်ကမ်းခြေ သို့  ဆက်လက်သွားရောက်ကြပြီး သဘာဝတောင်ပေါ်ရေကန်အား ပြုပြင်ထိန်းသိမ်းကာ     ကမ်းခြေ ပတ်လမ်းနှင့် ပန်းခြံများ၊ ဖျော်ဖြေ ရေးအစီအစဉ်များ ဖန်တီးပေါင်းစပ် ၍  စီစဉ်ဆောင်ရွက်ထားရှိမှုကို  အားပေးကြည့်ရှုလေ့လာကြသည်။
ခရီးသွားများအား ဆွဲဆောင်
အဆိုပါ  တောင်ပေါ်ရေကန် သည် စိမ့်တောဥယျာဉ် စီမံကိန်း ဧရိယာအတွင်း ၈၃ ဟက်တာခန့် ကျယ်ဝန်းကာ အရှေ့နှင့်အနောက် မီတာ   ၂၆၀၀   ရှည်လျားသော သာယာလှပသည့် ကမ်းခြေအဖြစ် ထင်ရှားကျော်ကြားကာ   ပြည် တွင်း/ပြည်ပ  ခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။
လေ့လာရေး   အဖွဲ့များသည် ညပိုင်းတွင်  ယွိရှီခရိုင်  ချွန်ကျန်း မြို့ရှိ  Emerald Bay   ဟိုတယ်၌ ညအိပ်ရပ်နားခဲ့ကြောင်း     သိရ သည်။                      

သတင်းစဉ်