
နေပြည်တော် ဩဂုတ် ၂၁
ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ ဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေး လုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေး ခန်းမ၌ကျင်းပရာ တည်ဆောက်ရေးလုပ်ငန်း စိစစ် ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ကော်မတီဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်နှင့် ဝန်ထမ်းအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပို့ချပေးနိုင်ခဲ့
ဦးစွာ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးဆပ်ကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာန (၁၂) ခုမှ သင်တန်းသား သင်တန်းသူ ၃၆ ဦးကို ရက်သတ္တ လေးပတ်ကြာ သင်တန်းပို့ချခဲ့ရာ ယနေ့တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း တည်ဆောက် ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန် များ၊ မူဝါဒများ၊ ကော်မတီသို့တင်ပြရာတွင် ပါဝင်ရ မည့် အချက်အလက်များနှင့် လုပ်ငန်းစဉ်များ၊ ရန်ပုံငွေခွဲဝေခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် လွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ မြို့ပြလုပ်ငန်းများအတွက် ခန့်မှန်းခြေစာရင်းရေးဆွဲ ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းနှင့်ငလျင်ဒဏ်ခံ အဆောက်အဦများအတွက် နည်းပညာဆိုင်ရာ အကြံပြုချက်များ၊ လျှပ်စစ်/ရေသန့် ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဗိသုကာပိုင်း ဆိုင်ရာဒီဇိုင်းပုံစံထုတ်ခြင်း အခြေခံအချက်များ၊ လုပ်ငန်းအရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စံချိန်စံညွှန်းများ၊ ရုံးတိုးချဲ့ခြင်း များအတွက် Master Plan နှင့် ရုံးအဆောက်အဦပုံစံ များ တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရ မည့် မူဝါဒအကြောင်းအရာများကို ဆွေးနွေးပို့ချပေး နိုင်ခဲ့ပါကြောင်း။
စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေမည်
ယခုသင်တန်းကို အောင်မြင်စွာတက်ရောက်ပြီးဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့ ဌာနများတွင် လက်တွေ့အသုံးချခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များရှိ ကော်မတီဝင်များဖြစ်သော အမြဲတမ်းအတွင်း ဝန်များသို့ အကြံပြုတင်ပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ တည်ဆောက်ရေးလုပ်ငန်း စဉ်များ စနစ်တကျဖြစ်လာပြီး နိုင်ငံတော်၏ ဘဏ္ဍာ ငွေများ အလေအလွင့်မရှိစေဘဲ ဆောက်လုပ်မှုကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်း သား သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်