ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအစည်းအဝေးတက်ရောက်

နေပြည်တော်   မေ    ၂၃
အလုပ်သမားဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် လာအိုနိုင်ငံ၊      အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာ ဝန်ကြီးဌာန က     ဦးဆောင်၍   online   ဖြင့် ကျင်းပသည့်    ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ် သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်    လွှဲပြောင်းရယူ နိုင်ရေးဆိုင်ရာ (၄) ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်သည်။ 
အစည်းအဝေးတွင်      ပြည် ထောင်စုဝန်ကြီးက ယနေ့ကျင်းပ သည့် အစည်းအဝေးသည် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်  ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက်    လူမှု ဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်း ရယူနိုင်ရေးဆိုင်ရာ အလုပ်သမား ဝန်ကြီးများအဆင့် ပူးတွဲကြေညာ ချက်ကို အတည်ပြုချမှတ်နိုင်ရေး  ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း     အလုပ်သမားများ အနေဖြင့် မိမိတို့နိုင်ငံများ၏ စီးပွား   ရေး   ဖွံ့ဖြိုးတိုးတက်ရန်အတွက်  များစွာ     အကျိုးပြုလျက်ရှိသော် လည်း        အထောက်အထားမဲ့ ရွှေ့ပြောင်း    အလုပ်သမားများ အနေဖြင့်    အခြေခံလူမှုဖူလုံရေး အစီအစဉ်များ ပါဝင်နိုင်ရန်အတွက် အခက်အခဲများစွာဖြင့်    ရင်ဆိုင် လျက်ရှိပါကြောင်း၊     ရွှေ့ပြောင်း အလုပ်သမားများအားလုံး  တရား ဝင်လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့    သွားရောက် လုပ်ကိုင်နိုင်စေရေး၊ လူမှုကာကွယ် ရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ အကျိုး ခံစားခွင့်များကို သက်ဆိုင်ရာနိုင်ငံ များ၏ ဥပဒေများနှင့်အညီ ရရှိ ခံစားနိုင်ရေးအတွက်    ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊     အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အရ ပြည်သူလူထုအားလုံးအနေ ဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့် များကို   ရရှိပိုင်ခွင့်ရှိပါကြောင်း၊ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမား များအတွက်     လွှဲပြောင်းရယူနိုင် သော လူမှုဖူလုံရေး အကျိုးခံစားခွင့် များ ရရှိခံစားနိုင်ရေး အကောင် အထည်ဖော်မည့်    အစီအမံများ ဆောင်ရွက်နိုင်ရန် တစ်ကမ္ဘာလုံး ဆိုင်ရာဘေးကင်း၍ စနစ်ကျသည့်  ပုံမှန်   ရွှေ့ပြောင်းသွားလာမှုများ  ဖြစ်ပေါ်လာစေရေးအတွက် ၂၀၁၈ ခုနှစ်တွင်   ကျင်းပခဲ့သည့်   ကုလ သမဂ္ဂ      အထွေထွေညီလာခံ၌ အတည်ပြု          ချမှတ်ခဲ့ပြီးဖြစ် ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အပြည် ပြည်ဆိုင်ရာ လူမှုဖူလုံရေးအသင်း International Social Security Association    (ISSA)     အဖွဲ့သို့ ၁၉၅၇ ခုနှစ်မှစတင်၍ ဝင်ရောက် ခဲ့ပါကြောင်းနှင့် အာဆီယံလူမှုဖူလုံ ရေး အဖွဲ့အစည်းသို့ ၂၀၁၅ ခုနှစ် တွင်   အဖွဲ့ဝင်အဖြစ်   ဝင်ရောက် ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင်      အလုပ်သမားများ အားလုံး၏    လူမှုဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်    ဆောင်ရွက်လျက်      ရှိပါ ကြောင်း၊ မိမိတို့အားလုံး၏ ကတိ ကဝတ်များနှင့် စုပေါင်းဆုံးဖြတ် ချက်များဖြင့် အမျိုးသားအဆင့်နှင့်  ဒေသတွင်းအဆင့်တွင် ထိရောက် ကောင်းမွန်သည့် လွှဲပြောင်းရယူ နိုင်သော လူမှုဖူလုံရေး အကျိုးခံစား ခွင့်များ ရရှိခံစားနိုင်ရေး အစီအစဉ် များကို    အကောင်အထည်ဖော်  ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊  အာဆီယံအဖွဲ့ကြီး၏      စည်းလုံး ညီညွတ်သည့်    ကောင်းမွန်သော  စိတ်ဓာတ်နှင့်အတူ    ရွှေ့ပြောင်း  အလုပ်သမားများ၏ လူနေမှုဘဝ နှင့် ကျန်းမာရေးစောင့်ရှောက်မှု များ ပိုမိုကောင်းမွန်လာစေရေး၊ ပိုမို    ကြွယ်ဝချမ်းသာလာသည့် ဒေသ        ဖြစ်စေရေးတို့အတွက်    အားလုံး ပူးပေါင်းပါဝင်   ဆောင်ရွက်သွား ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် နံနက်ပိုင်းတွင် ကျင်းပ သည့် (၇) ကြိမ်မြောက် အဆင့်မြင့် အလုပ်သမား     အရာရှိကြီးများ    အစည်းအဝေးသို့    အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်   ဦးမောင်မောင်သန်း   တက်ရောက်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ      အခြေအနေများနှင့် ကိန်းဂဏန်းဆိုင်ရာ      အချက် အလက်များ၊  ရွှေ့ပြောင်းအလုပ် သမားများ၏ အကျိုးခံစားခွင့်များ လွှဲပြောင်းရယူနိုင်သည့်   လူမှုဖူလုံ ရေးစနစ်နှင့်စပ်လျဉ်း၍ ကောင်းမွန် သည့်    ကျင့်သုံးမှုများ၊   အတွေ့ အကြုံများနှင့်ပတ်သက်၍ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ  ရွှေ့ပြောင်း အလုပ်သမားများအတွက်     လူမှု ဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်း ရယူနိုင်ရေးဆိုင်ရာ       ကြေညာ စာတမ်းအပေါ် ဆွေးနွေးခြင်းနှင့် အကြံပြုသုံးသပ်ခြင်းတို့   ဆောင် ရွက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၄)  ကြိမ်မြောက်  အလုပ်သမား ဝန်ကြီးများ     အစည်းအဝေး၌ လာအိုပြည်သူ့သမ္မတနိုင်ငံ အလုပ် သမားရေးရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူက (၇) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးမှုများ ကို အနှစ်ချုပ်ဆွေးနွေးခဲ့မှုအပေါ်  တက်ရောက်လာသည့်     ဝန်ကြီး များက ဆွေးနွေးအကြံပြု သုံးသပ် ခဲ့ကြပြီး   ကမ္ဘောဒီးယား၊  လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ များရှိ    ရွှေ့ပြောင်းအလုပ်သမား များအတွက် လူမှုဖူလုံရေးအကျိုး ခံစားခွင့် လွှဲပြောင်းရယူနိုင်ရေး ဆိုင်ရာ အလုပ်သမားဝန်ကြီးများ အဆင့်   ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြသည်။
အစည်းအဝေးများသို့ ကမ္ဘော ဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာ နိုင်ငံ၊   ထိုင်းနိုင်ငံနှင့်   ဗီယက်နမ် နိုင်ငံများရှိ အလုပ်သမားဝန်ကြီး များနှင့် အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။  
သတင်းစဉ်