
နေပြည်တော် ဇွန် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် စက်စက်ယို ဆည်ရေသောက်ဧရိယာ၌ ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် ဝါနှင့် နှမ်းသီးနှံ မျိုးစေ့ထုတ် စိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် မျိုးစေ့သန့်စင်ထုပ်ပိုးခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး မျိုးစေ့ထုတ်လုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် ပုဂ္ဂလိကအကျိုးအမြတ်ရရှိရေးနှင့် တောင်သူ့ အကျိုးဖြစ်ထွန်းရေးအတွက် မျှတစွာစီမံ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydra-ulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းအဆင့် လိုက်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု၊ သတ်မှတ် ကာလအတွင်း လုပ်ငန်းပြီးမြောက်စေရန် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တမံနှင့် ရေပိုလွှဲကို စောင့်ကြည့်ထိန်းချုပ်ခြင်းကို နေပြည်တော်ရုံးချုပ်မှ တိုက်ရိုက်ဆောင်ရွက်နိုင်ရန်နှင့် တမံတွင် အလှည့်ကျ တာဝန်ချထားဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hy-draulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပြီးစီးရေး ၊ တမံအတွင်းရေသိုလှောင်မှုနှင့် ရေအားလျှပ်စစ်ထုတ်ယူခြင်း လုပ်ငန်းအချိတ်အဆက် မိမိ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားပြီး HED တပ်ဆင်သည့် အင်ဂျင်နီယာ ပညာရှင်အဖွဲ့အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ ညှိနှိုင်း အဆိုပြုချက်အရ နှစ်စဉ်ရေအားလျှပ်စစ်ယူနစ် ၉၁၁ သန်း ထုတ်လုပ်လျက်ရှိသည့် ပေါင်းလောင်းတမံ၏ ရေပိုလွှဲတွင် အလျား ၁၄ဝ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာအမြင့် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ပြီး မူလကန်ရေပြည့်ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေမှ သိန်းဧကပေ ၅ ဒသမ ၇၀ အထိ ရေလှောင်ပမာဏ ဧကပေ ၂၁၀၀၀ခန့် ပိုမိုသိုလှောင် ၍ နှစ်စဉ် ယူနစ်ရှစ်သန်း ပိုမိုထုတ်လုပ်ကာ စုစုပေါင်း ရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်နိုင်ရေး အတွက် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျည်တောင်ကန်ကျေးရွာအုပ်စုတွင် မိုးစပါးစိုက်ပျိုး နေကြသည့် တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက ဆည်ရေသောက်ဧရိယာပြင်ပရှိ စိုက်ပျိုး မြေများတွင် ဆောင်းသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင် ရေးအတွက် မြေအောက်ရေကို နေရောင်ခြည်စွမ်းအင် သုံးဆိုလာစနစ်ဖြင့် ထုတ်ယူအသုံးပြုနိုင်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်