ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပညာသင်ဆုချီးမြှင့်ပွဲနှင့် ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင်  ၁၆
ယွင်ထရန်းဟွအုပ်စု   ကုမ္ပဏီလီမိ တက်က    ချီးမြှင့်ထောက်ပံ့သည့် ပညာသင်ဆုချီးမြှင့်ပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက   ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်    ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ     တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးကိုယ်စား လှယ် စီပွားရေးသံမှူး Mr Ouyang Dao Bing ၊  ဌာနဆိုင်ရာတာဝန် ရှိသူများ၊  ယွင်ထရန်းဟွအုပ်စု ကုမ္ပဏီလီမိတက်၏  မြန်မာပြည် အခြေစိုက် Shwe Crop Nutrients Co., Ltd. မှ ဒုတိယအထွေထွေ မန်နေဂျာ MR. YUAN JUN  နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက    အဖွင့်အမှာစကား ပြောကြားပြီး  တရုတ်သံရုံးစီးပွား ရေးသံမှူးနှင့်  ယွင်ထရန်းဟွအုပ်စု     ကုမ္ပဏီလီမိတက် ဒုတိယအထွေ ထွေမန်နေဂျာတို့က    ပညာသင်ဆု ချီးမြှင့်ထောက်ပံ့ခြင်းနှင့်  စပ်လျဉ်း ၍    ရှင်းလင်းပြောကြားကြကာ ကျောင်းသား       ကျောင်းသူများ ကို   ယွင်ထရန်းဟွပညာသင်ဆု   ထောက်ပံ့ပေးအပ်ကြသည်။
ယွင်ထရန်းဟွအုပ်စု ကုမ္ပဏီ လီမိတက်အနေဖြင့် ပထမအကြိမ် ပညာသင်ဆုကို  ၂၀၁၇   ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ  ပညာသင်နှစ် သုံးနှစ်အတွက်    တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ  ၂၉၀၀၀ နှင့်   ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆၂ ဦးကို     လည်းကောင်း၊ ဒုတိယအကြိမ်   ပညာသင်ဆုအဖြစ်   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ  ၁၃၂ ဦး ကို လည်းကောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တတိယ အကြိမ်အဖြစ်     ကျောင်းသား ကျောင်းသူ ၁၀၇ ဦးကို  လည်း ကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပညာသင်ဆုချီးမြှင့်ပွဲ   အပြီး တွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီး ဖလား      အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ   ဖွင့်ပွဲအခမ်း အနား သို့     တက်ရောက်အမှာစကား   ပြောကြားပြီး ဒုတိယဝန်ကြီးများ၊   ဌာနဆိုင်ရာ    တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်အတူ   အသင်း လိုက်     ဘောလုံးအားကစား ယှဉ်ပြိုင်နေမှုကို      ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်