
နေပြည်တော် ဩဂုတ် ၂၄
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ်(၁)တို့တွင် ဆက်လက် ကျင်းပရာ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီးဦးထိန်လင်းနှင့် ဦးဇင်မင်း ထက်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူ များက ပြိုင်ပွဲယှဉ်ပြိုင်နေမှုများ ကို လိုက်လံကြည့်ရှု အားပေးကြ သည်။
ယှဉ်ပြိုင်ကစား
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (မီတာ ၅၀၀၀ လမ်း လျှောက်၊ အလျားခုန်၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ တန်း ကျော်၊ ကြိုးတပ်သံလုံးပစ်၊ မီတာ ၂၀၀၀ တားဆီးကျော်ပြေး) ပြိုင်ပွဲများနှင့် အမျိုးသား (ကြိုးတပ် သံလုံးပစ်၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ အလျားခုန်၊ မီတာ ၄၀၀ တန်းကျော်) ပြိုင်ပွဲများ ကို ယှဉ်ပြိုင်ကစားခဲ့ကြ သည်။(အောက်ပုံ)
ဆုချီးမြှင့်ပေးအပ်
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ ယမန်နေ့က ကျင်းပခဲ့ သည့် ပြိုင်ပွဲများဖြစ်သော အမျိုး သား(မီတာ ၁၀၀၀၀ လမ်းလျှောက်၊ မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ အမျိုး သမီး မီတာ ၅၀၀၀ လမ်းလျှောက် ပြိုင်ပွဲ၊ အမျိုးသား / အမျိုးသမီး (သံပြားဝိုင်းပစ်၊ မီတာ ၄၀၀၊ တန်းမြင့်ခုန်၊ ၁၀၀ x ၄ လက်ဆင့် ကမ်း) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိခဲ့သူများကို ပြည်ထောင်စုဝန်ကြီး (အပေါ်ပုံ)၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူ များက ဆုတံဆိပ်နှင့် ငွေသားဆု များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ ဂုဏ်ဆောင် ပြေးခုန်ပစ်လက်ရွေး စင် အားကစားသမားဟောင်းများ ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။
အဆင့်ရပ်တည်မှု
ယနေ့ ပြိုင်ပွဲများအပြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းများမှ အဆင့်ရပ်တည်မှု အနေဖြင့် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် နှစ်ခုဖြင့် ရှမ်းပြည်နယ်အသင်းက ပထမ၊ ရွှေတံဆိပ် လေးခု၊ ငွေ တံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ဖြင့် တနင်္သာရီတိုင်းဒေသကြီး အသင်းက ဒုတိယ၊ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် လေးခု၊ ကြေး တံဆိပ် ခြောက်ခုဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက တတိယ၊ ရွှေတံဆိပ် နှစ်ခုဖြင့် မန္တလေးတိုင်း ဒေသကြီးအသင်းက စတုတ္ထနေရာ များတွင် ရပ်တည်နိုင်ခဲ့ကြ သည်။
မည်သူမဆိုကြည့်ရှု
အားပေးနိုင်
ဩဂုတ် ၂၅ ရက် နံနက် ၆ နာရီခွဲ မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့တွင် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (မီတာ ၅၀၀၀၊ သံလုံး ပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၁၁၀ တန်းကျော်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများနှင့် အမျိုးသမီး (မီတာ ၃၀၀၀၊ မီတာ ၁၀၀ တန်း ကျော်၊ သံလုံးပစ်၊ တုတ်ထောက် ခုန်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲ များကို ဆက်လက်ကျင်းပသွား မည်ဖြစ်၍ အားကစားဝါသနာရှင် များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင် ကြောင်း သိရသည်။
သတင်းစဉ်