ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

 

ဗီယက်နမ်   မေ  ၁၃


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပ သည်။

 


အဆိုပါ  ဖွင့်ပွဲအခမ်းအနားသို့    မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ   အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ၊   အားကစားနှင့်   ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးထွန်းမြင့်ဦး၊    အုပ်ချုပ်/နည်းပြ၊ အားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်   ဗီယက်နမ်နိုင်ငံ    သမ္မတ Nguyễn Xuân Phúc က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာပြီး  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 


ဗီယက်နမ်နိုင်ငံသည်     အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို  ၂၀၀၃  ခုနှစ်က အိမ်ရှင်အဖြစ် ပထမအကြိမ်  လက်ခံကျင်းပခဲ့ပြီး  ယခု   ဒုတိယ အကြိမ်      အိမ်ရှင်အဖြစ်      လက်ခံကျင်းပခြင်း ဖြစ်ကြောင်းနှင့်   (၃၁)  ကြိမ်မြောက်    အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင်  အားကစားနည်း  ၄၀  ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း      သိရ သည်။  

     
 သတင်းစဉ်