
ရန်ကုန် ဇွန် ၁၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန်၁၄ ရက်မှ၁၅ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပ နိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ပထမအကြိမ်အစည်းအဝေး (1st Southeast Asian Games Federation (SEAGF) Meetings) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွား သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် သက်ဆိုင်ရာကော်မတီအလိုက် အဖွဲ့ဝင်များလည်း လိုက်ပါသွားကြောင်း သိရသည်။
သတင်းစဉ်