
နေပြည်တော် ဇူလိုင် ၂၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ်နှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများ၏ ဓာတ်အား သုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေး နေမှု၊ မီတာဘေလ် ငွေကောက်ခံမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံး မှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြ သည်။
တင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီးက ဓာတ်အားခ ကြွေးကျန်များ အပြည့်အဝရရှိရေး နှင့် တရားမဝင်ဓာတ်အားရယူ သုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ် သွားရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုထံသို့ ဓာတ်အားဖြန့်ဖြူး ပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝ သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အား စနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေး၊ ဓာတ်အား စဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေးတို့အတွက် ဓာတ် အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ပြည်သူ ကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးရန် နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာ များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ သွားရောက် ပြီး မြို့တွင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေ ကို လှည့်လည်ကြည့်ရှု စစ်ဆေး ပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်