ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အိန္ဒိယ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၁
 
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
 
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံ၏ အကူအညီများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်