
နေပြည်တော် နိုဝင်ဘာ ၂၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် EUROCHAM MYANMAR, Garment Advocacy Group မှ Ms. Karina Uferte နှင့် Mr. Serkan Tanka တို့ ဦးဆောင်သည့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင် နိုင်ရေးနှင့် အထည်ချုပ်ကဏ္ဍ ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
များစွာလိုအပ်မည်ဖြစ်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကာလမတိုင်ခင်က EuroCham Myanmar နှင့် တွေ့ဆုံစဉ် အကြံပြုချက်များကို အလေးထား ပြီး ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ခဲ့သကဲ့သို့ သင်တန်း ကျောင်းများ ဖွင့်လှစ်ခြင်းများ၊ အထည်ချုပ်လုပ်ငန်းရှင်များ၊ အခြား ဝန်ကြီးဌာနများနှင့် ဆက်သွယ် ပေါင်းစည်း၍ ဆောင်ရွက်ရမည်တို့အား ဆောင်ရွက်ခဲ့ပါကြောင်း၊ အသက်မွေး ဝမ်းကျောင်းပညာ လေ့ကျင့်သင်ကြား ပေးရန် Skill Development ဆိုင်ရာ အကြံပြုချက်၊ အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှု၊ အခြား ပါဝင်သက်ဆိုင်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှုစသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ အကြံပြုချက်များ ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာ လေ့ကျင့်သင်ကြားရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေ ဖြင့် ကိုယ်တိုင်ဆောင်ရွက်နေသကဲ့ သို့ အခြားသော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက သင်တန်းကျောင်းများနှင့် လည်း လိုအပ်သောနေရာများတွင် ပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါကိစ္စများတွင် လိုအပ် ချက်များ ဖြည့်ဆည်းရန်နှင့် ရင်းနှီး မြှုပ်နှံမှုများ များစွာလိုအပ်မည်ဖြစ်ပါ ကြောင်း၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် အလုပ်သမားသမဂ္ဂများ ပေါင်းစပ်ပြီး အသက်မွေးဝမ်းကျောင်း ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုများကို မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
အဆိုပါ လုပ်ငန်းများတွင် Euro- Cham Myanmar မှ ပူးပေါင်းဆောင် ရွက်၍ အထောက်အကူများ ပေးစေ လိုကြောင်း၊ ဒုတိယအချက်ဖြစ်သည့် အလယ်အလတ်အဆင့် စီမံခန့်ခွဲမှု ဆိုင်ရာ ကျွမ်းကျင်မှုအနေဖြင့် ဝန်ကြီး ဌာနအပါအဝင် အခြားဆက်စပ် ဝန်ကြီးဌာနများနှင့်လည်း ဆက်သွယ် ပူးပေါင်း၍ ရေရှည်ဆောင်ရွက်သွား ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် CMP စနစ်ဖြင့် ဆောင်ရွက်နေပြီး FOB စနစ်ဖြင့် ရေရှည်ဆောင်ရွက်နိုင်ရေး အတွက် အထည်ချုပ်နည်းပညာရှင် များနှင့် ချည်မျှင်နှင့် အထည်အလိပ် အင်ဂျင်နီယာများအတွက် အဆင့်မြင့် ပညာရေးလိုအပ်ချက်အပေါ် စတင်၍ မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာနများ ဆက်သွယ်ပေါင်းစည်း၍ အောင်မြင် အောင် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ EuroCham Myanmar အနေဖြင့်လည်း အဆိုပါဆောင်ရွက် ချက်များတွင် အကြံပြုပေးစေလို ကြောင်း။
ပူးပေါင်းဆောင်ရွက်ပေး
အကြံပြုချက် တတိယအချက်ဖြစ် သည့် အခြားပါဝင်သက်ဆိုင်သူများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စတွင် လည်း လက်ရှိ အချို့ကိစ္စရပ်များ ဆောင်ရွက်နေပြီး EuroCham Myan-mar မှ အကြံပြုချက်များအပေါ်အခြေခံ ၍ ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် များနှင့်ပေါင်းစပ်၍ အခြားနိုင်ငံများ၏ အတွေ့အကြုံရယူပြီး ပါဝင်ပတ်သက် သူများ၊ အတွေ့အကြုံရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ပါကြောင်း၊ EuroCham Myanmar အနေဖြင့် ကောင်းမွန်သည့် အကြံ ဉာဏ်များ ပံ့ပိုးပေးရန်နှင့် နီးကပ် စွာ ပူးပေါင်းဆောင်ရွက်ပေးစေလို ကြောင်း။
အစီအစဉ်များ ချမှတ်
အလုပ်သမား ရေးရာဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ILO အပါ အဝင် ကျွမ်းကျင်သူများနှင့် ပေါင်းစပ် ၍ လွှတ်တော်အသီးသီး၏ ဆွေးနွေး ဆုံးဖြတ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ဥပဒေများကိုလည်း အခြေအနေ အချိန်အခါနှင့် လျော်ညီပြီး နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှုရှိစေရန် လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ အလုပ် သမားသမဂ္ဂများနှင့် ပူးပေါင်း၍ အလုပ် သမားများအား ၎င်းတို့၏ ရပိုင်ခွင့် ရှိသော အခွင့်အရေးနှင့် လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိမှုတို့ကို ရှင်းလင်းသေချာစွာ သိရှိပြီး ပူးပေါင်း ဆောင်ရွက်နိုင်စေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
EuroCham လုပ်ငန်းအဖွဲ့နှင့် ပုံမှန်တွေ့ဆုံခြင်းများ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ CMP စနစ်မှ FOB စနစ်သို့ ပြောင်းလဲရေးအတွက် လိုအပ်သည့် မဟာဗျူဟာစီမံချက်များ ရေးဆွဲ ချမှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန များက အချိန်ဇယားနှင့် အကောင် အထည်ဖော်သည့် တာဝန်ခွဲဝေ သတ်မှတ်မှုတို့ ပြုလုပ်ရန် လိုအပ် မည်ဖြစ်ပါကြောင်းနှင့် ပါဝင်တက် ရောက်လာကြသော အောင်မြင်သည့် ကုန်အမှတ်တံဆိပ် ပိုင်ရှင်များမှလည်း အတွေ့အကြုံများ ဖလှယ်ပေးရန်နှင့် ဝန်ကြီးဌာနမှ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဝန်ကြီးဌာန အားလုံးပါဝင်သည့် FOB စနစ် ပြောင်းလဲရန် လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲသွားရမည် ဖြစ်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ၊ UMFCCI နှင့် သက်ဆိုင်ရာဝန်ကြီးဌာန များ ပါဝင်သည့် ခိုင်မာသောစီမံချက် ရေးဆွဲဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ EuroCham Myan-mar နှင့် ပူးပေါင်းပြီး ဝန်ကြီးဌာန ဖွံ့ဖြိုးရေးမိတ်ဖက် ပုဂ္ဂလိက သင်တန်း ကျောင်းများတွင် လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
မကြာမီကာလတွင် ဝန်ကြီးဌာနမှ အထည်ချုပ်ကျွမ်းကျင်မှု သင်တန်း ကျောင်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၊ အထည်ချုပ် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကျွမ်းကျင်မှုအဆင့် သက်မွေးပညာလေ့ကျင့်ရေးကိစ္စများဆွေးနွေးပြီး ဆက်လက်၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် EuroCham Myan-mar မှ ပေးပို့ထားသည့် အကြံပြုချက် များနှင့် ပတ်သက်၍ ဝန်ကြီးဌာန နှင့် အခြားဆက်စပ် ဝန်ကြီးဌာန များ ပူးပေါင်းကာ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် EuroCham Myanmar မှ Ms. Karina Uferte နှင့် Mr. Serkan Tanka တို့က မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင် ရေးနှင့် အထည်ချုပ်ကဏ္ဍ ကျွမ်းကျင်မှု မြှင့်တင်နိုင်ရေးတို့အတွက် ရင်းနှီး ပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်