ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

======================================================

နေပြည်တော် ဩဂုတ် ၉

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီ၊ မြေထိန်း၊ တမံများ ဆောင်ရွက်နေမှုနှင့် Geo Bag ချခြင်း လုပ်ငန်းပြီးစီးမှုများကို ကြည့်ရှုစစ် ဆေးသည်။

 

ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်၊ တိုင်းဒေသ ကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေရှည်ခံ၍ တိုးတက်သော လုပ်ငန်းမျိုးဖြစ်အောင် အမှား နည်းသည်ထက်နည်းအောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဗိုလ်မြတ်ထွန်းတံတား တည်တံ့ခိုင်မြဲရေးကို ရည်ရွယ် ပြီး မြစ်ချောင်းများသောင်ထွန်းန.ေသော်လည်း ရေလမ်းကြောင်းဖြောင့်တန်းစွာ စီးဆင်းနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မြစ်ချောင်းများ ရေစီးရေလာ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားလုပ်ဆောင်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း မှာကြားသည်။

 

ယင်းနောက် ပုသိမ်မြို့ ပုသိမ်ဘူတာ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်