ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်ခြင်းနှင့် နတ်မော်-ဟင်္သာတ ရထားလမ်းပိုင်းပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်ခြင်းနှင့် နတ်မော်-ဟင်္သာတ ရထားလမ်းပိုင်းပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

 

=======================================================

 

ရန်ကုန် ဩဂုတ် ၁၀

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်သည် ဩဂုတ် ၈ ရက်က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဘူတာ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ကမ်းနား လမ်းအား နှစ်လမ်းသွားလမ်းမကြီးဆောင်ရွက်နေမှု၊ ပုသိမ်မြို့ဆိပ်ကမ်း သာယာလှပရေးအတွက် ဆောင်ရွက် ထားရှိမှု၊ လုပ်ငန်းများပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်မော်ဘူတာသို့ရောက်ရှိပြီး ဘူတာပတ်ဝန်းကျင် ပြုပြင် ထားရှိမှု၊ ခရီးသည်စီးနင်းမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ RBE ရထားဖြင့် နတ်မော်-ဟင်္သာတလမ်း ပိုင်းအတွင်း High Tension Bolts နှင့် Nuls များ တပ်ဆင်ပြီး ရထားလမ်းပိုင်း ပြုပြင်ထားရှိမှု၊ တံတားကြီး၊ ငယ်များ ဆောင်ရွက်ထားရှိမှု၊ ရထားလမ်းဂိတ်တံခါးများ အသစ် ပြုလုပ်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး သွားသောရထားလမ်းများ ပြုပြင်ထားရှိမှု၊ ဟင်္သာတဘူတာ-နတ်မော်ဘူတာ-ယုန်သလင်းဘူတာကြား ရထားမိုင်နှုန်း တိုးမြှင့်မောင်းနှင်နိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ဟင်္သာတဘူတာ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းတိုင်းသည် မိမိတို့၏ လုပ်ငန်းတာဝန် များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် ရေသာမခိုသူ၊ ရိုးသားသူ၊ စည်းကမ်းရှိသူ၊ ဥပဒေကို လေးစားလိုက်နာသူ များဖြစ်ရန် အထူးလိုအပ်ပါကြောင်း၊ မိမိဌာန ဖွံ့ဖြိုးတိုးတက် ရန်အတွက် ဝန်ထမ်းတိုင်းတွင် တာဝန်ရှိပါကြောင်း၊ မီးရထားဝန်ထမ်းများအနေဖြင့် မြေယာလျော်ကြေး ပေးအပ်ပြီးသော မြေယာများအား ထိန်းသိမ်းစောင့်ရှောက် သွားကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မီးဘေးသင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက် နေမှု၊ ဟင်္သာတမြို့ ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးတာ ရေတိုက်စားပျက်စီးမှု၊ အရေးပေါ်ယာယီအစီအမံများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရေရှည်အစီအမံအနေဖြင့် ရေလမ်းကြောင်းပြုပြင်နိုင်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

 

ဖြည့်ဆည်းမှာကြား

ယင်းနောက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာပြီး အင်းစိန်စက်ခေါင်းစက်ရုံသို့ ရောက်ရှိကာ ဝန်ထမ်းများ အတွက် ဆောက်လုပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာများ၊ အင်းစိန်ရထားလမ်း ခုံးကျော်တံတားသစ်(မင်းကြီးလမ်း) ဘက်ခြမ်းချဉ်းကပ်တံတားနှင့် လမ်းသစ်လမ်းဘက်ခြမ်း တံတားများ တိုးချဲ့တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ (အပေါ်ဝဲပုံ) တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်