ပြည်ထောင်စုဝန်ကြီးများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက်

နေပြည်တော်  ဩဂုတ်   ၁၇
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးကိုကိုလွင်နှင့်    သိပ္ပံ နှင့်     နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့သည် ယမန်နေ့ က ထိုင်းနိုင်ငံ  ဘန်ကောက်မြို့၌ ကျင်းပသည့်     Seminar On ASEAN-China Forum for Pea-ceful Use of Nuclear Techno-logy သို့ တက်ရောက်သည်။
ဦးစွာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing  က  အဖွင့်အမှာစကား ပြောကြားပြီး      သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်များက ဆွေးနွေးကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်     ဒေါက်တာ မျိုးသိန်းကျော်တို့သည် China Atomic Energy Authority မှ Vice  Chairman  Mr . Liu Jing  နှင့်  China National Nuclear Cooperation မှ Vice Chairman Mr.Zhang Kai တို့နှင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု ရေးနှင့်   ပတ်သက်ပြီး    တရုတ် ပြည်သူ့သမ္မတနိုင်ငံက  ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ ရပ်များ၊  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်      တွေ့ဆုံ ဆွေးနွေးကြပြီး  ညနေပိုင်းတွင်   China Atomic Energy Authority က  တည်ခင်းဧည့်ခံသော   ညစာ စားပွဲသို့ တက်ရောက်ကြသည်။
ယင်းနောက် China National Nuclear Cooperation    မှ ခင်းကျင်းပြသသော   ပြခန်းသို့ သွားရောက်ကြည့်ရှုကြရာ China Atomic Energy Authority မှ Vice Chairman Mr. Liu Jing က ကြိုဆိုပြီး အဏုမြူစွမ်းအင်ဆိုင်ရာ များနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ ခဲ့ကြောင်း သိရသည်။ သတင်းစဉ်