ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် အားကစားသင်တန်းများ ဖွင့်ပွဲကျင်းပ

ပြည်   ဇွန်   ၁၃
ပြည်တက္ကသိုလ်၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် (ဒုတိယပညာသင် ကာလ)     ဘာသာရပ်ပေါင်းစုံ   အားကစားပြိုင်ပွဲများနှင့်အားကစား သင်တန်းများ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းက  တက္ကသိုလ် အားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင်   ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင် က အမှာစကား   ပြောကြားပြီး ပြိုင်ပွဲများနှင့်    သင်တန်းများကို စတင်ဖွင့်လှစ်ပေးသည်။   ယင်း နောက် ပြည်တက္ကသိုလ်အားကစား ဌာနမှ အားကစားမှူးနှင့် ဘာသာ ရပ်ပေါင်းစုံ ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီး   သင်္ချာ ဘာသာရပ်အသင်းနှင့် အရှေ့တိုင်း ပညာ  ဘာသာရပ်အသင်းတို့၏ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များ၊  ဆရာ    ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက      ကြည့်ရှုအားပေးကြသည်။
အဆိုပါ    ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ   အားကစား ပြိုင်ပွဲများနှင့်     သင်တန်းများ ကျင်းပ/ဖွင့်လှစ်ရာတွင် ပိုက်ကျော် ခြင်း   အားကစားပြိုင်ပွဲအပါအဝင်     အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုး သား အမျိုးသမီးဘော်လီဘောနှင့်    ကြက်တောင်ရိုက်  ပြိုင်ပွဲများကို ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ   ကျင်းပမည်ဖြစ်ပြီး   မြန်မာ့ရိုးရာ ခြင်းလုံးနှင့်    ဂျူဒိုအားကစား သင်တန်းများကိုလည်း  ဇွန် ၁၃ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)