
ပြည် ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာန ပြည်တက္ကသိုလ်၌ ယမန်နေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပသည်။
ဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က မူးယစ်ဆေးဝါး အန္တရာယ်သည် နိုင်ငံ၏အနာဂတ် လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် လူငယ်များအပေါ်မှာ အဓိက ခြိမ်းခြောက်နေကြောင်း၊ လူငယ် တစ်ဦး၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ကို ဖျက်ဆီးတတ်ကြောင်း၊ မူးယစ်ဆေးဝါးသစ်များသည် ပိုပြင်းထန်လာ သည့်အလျောက် အသက်အန္တရာယ်ရှိကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင် စေရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အမှတ် (၃၇) မူးယစ်တပ်ဖွဲ့စု(ပြည်)မှ ဒုတိယတပ်ဖွဲ့ စုမှူး ဒုရဲမှူး ကျော်လင်းထက်က မူးယစ်ဆေးဝါး သမိုင်းကြောင်းနှင့် ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားများအကြောင်း အပါ အဝင် မူးယစ်ဆေးဝါးအမျိုးမျိုး၏ ဆိုးကျိုး များအန္တရာယ်အကြောင်းနှင့် မူးယစ်ဆေးဝါး ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက် ပျက်စီးဆုံးရှုံးမှုများအကြောင်းကို ပါဝါပွိုင့် ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးသည်။ ယင်းနောက် ဟောပြောဆွေးနွေးချက်များ အပေါ် ကျောင်းသား ကျောင်းသူများက သိရှိလို သည်များကို စိတ်ဝင်တစား ပြန်လည်မေးမြန်း ဆွေးနွေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)