ပြည်တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးဝါးများဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် အစိုးရက ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးပြောကြား

 

တိုကျို   အောက်တိုဘာ  ၁၃ 


ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက ပြည်တွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးနှင့်   ဆေးဝါးများ  ဖွံ့ဖြိုး တိုးတက်အောင်   လုပ်ဆောင် ရာတွင်   အစိုးရအနေဖြင့်  အကူ အညီများ   ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


ကီရှီးဒါးသည် အောက်တိုဘာ ၁၃ ရက်က အထက်လွှတ်တော် မျက်နှာစုံညီ ငြင်းခုံဆွေးနွေးပွဲတွင် ထိုသို့   ပြောကြားလိုက်ခြင်းဖြစ် သည်။ ကီရှီးဒါးသည် အထွေထွေ ရွေးကောက်ပွဲအတွက်   အောက် လွှတ်တော်ကို    မဖျက်သိမ်းခင် တစ်ရက်အလိုတွင်    အထက် လွှတ်တော် မျက်နှာစုံညီ ဆွေးနွေး ပွဲ ကျင်းပခဲ့သည်။ 


လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ၏     ညွန့်ပေါင်းနိုင်ငံရေး မိတ်ဖက် ကိုမေတို ပါတီကိုယ်စား လှယ်ချုပ် ယာမာဂူချီနက်ဆုအိုက ပြည်တွင်း  ကိုဗစ်-၁၉  ကာကွယ် ဆေးနှင့်    ဆေးဝါးများ  ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်မှုကို အားကြိုးမာန်တက်ဖြင့်   အရေး တကြီး      လုပ်ဆောင်သင့်ပြီး လက်တွေ့သုံးစွဲရန်အတွက်လည်း ထောက်ပြပြောဆိုခဲ့သည်။ 


နိုဝင်ဘာလ     အစောပိုင်း ကာလမတိုင်မီ    ကာကွယ်ဆေး ထိုးချင်သည့်   နိုင်ငံသားတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး ရန်  အစိုးရက   ဖြည်းဖြည်းချင်း ဆောင်ရွက်မည်    ဖြစ်ကြောင်း ကီရှီးဒါးက ပြောခဲ့သည်။ 


အစိုးရသည်    သုတေသန လုပ်ဆောင်မှုများနှင့်  ကာကွယ် ဆေး   တိုးတက်ထုတ်လုပ်မှုများ အတွက်  အကြီးမားဆုံးထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ကီရှီးဒါး က ပြောသည်။

အင်န်အိတ်ချ်ကေ