
နေပြည်တော် ဇွန် ၂၀
မွေးမြူရေး အစာကုန်ကြမ်းများ မှ အသားဓာတ်အရင်းအမြစ်အဖြစ် သုံးစွဲသည့် ပဲပုပ်ဖတ်များ ပြည်ပမှတင်သွင်းမှုကို နှစ်အလိုက် လျှော့ချသွားနိုင်ရန်နှင့် ပြည်တွင်း ၌ ထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ် ဖတ်များကို အစားထိုးသုံးစွဲနိုင်ရေး အတွက် မွေးမြူရေးအစာ ပဲပုပ်ဆီ ကြိတ်ဖတ် လိုအပ်ချက်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းဆီစက်လုပ်ငန်းရှင်များ၊ မွေးမြူရေး အစာစပ်စက်ရုံများ၊ မွေးမြူရေး အစာကုန်ကြမ်း တင်သွင်းမည့်သူများ တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက တိရစ္ဆာန်အစာအဖြစ် ပြည်ပမှ ပဲပုပ်ဖတ်တင်သွင်းမှုကို လျှော့ချ နိုင်ရန်အတွက် ပြည်တွင်း၌ မိမိ တို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ် နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးဧက တိုးတက်လာမှုနှင့် ဆီကြိတ်ဖတ် ထုတ်လုပ်နိုင်မှု ပမာဏအာမခံချက်ရှိရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဆီကြိတ်ဖတ် များ၏ အရည်အသွေးစံသတ်မှတ် နှုန်းများထားရှိ လိုက်နာဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ တိရစ္ဆာန်အစာအဖြစ် နှစ်အလိုက် ဆီကြိတ်ဖတ် ထုတ်လုပ်နိုင်မှု၊ ပဲပုပ်ဖတ်တင်သွင်း လျှော့ချမည့် ပမာဏ၊ မွေးမြူရေးအစာကုန် ကြမ်းများကို ပြည်တွင်း၌ လိုအပ် သည့်ပမာဏရရှိအောင် လုံလောက် စွာထုတ်လုပ်ပြီး ပြည်ပမှတင်သွင်း သည့် အစာကုန်ကြမ်းများနှင့် အရည်အသွေး၊ ဈေးနှုန်းတို့တွင် ယှဉ်ပြိုင်နိုင်မှု ရှိစေရေးအတွက် အထောက်အကူ ဖြစ်စေမည့် ရှေ့ဆက် ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက် လာကြသည့် အစုအဖွဲ့များအားလုံးက လွပ်လပ် စွာဝိုင်းဝန်းဆွေးနွေး အကြုံပြုပေး ကြရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် သက်ဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပဲပုပ် အပါအဝင် ပြည်တွင်း၏ ဆီထွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် တိရစ္ဆာန်အစာအဖြစ် အသုံးပြု မည့် ဆီကြိတ်ဖတ်များ ထွက်ရှိလာ ရန် ဆောင်ရွက်ရမည့်အချက်များ၊ ဆီစက်များ အဆင့်မြှင့်တင်ခြင်း နှင့် အဆင့်မြင့်ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုး ရေးအတွက် အားပေးမြှင့်တင်ရေး နှင့် ပဲပုပ်ဆီဈေးကွက်ဖော်ဆောင် ပေးရန်လိုအပ်ချက်များ၊ ပြည်တွင်း မွေးမြူရေးအစာအတွက် ဆီကြိတ် ဖတ်လိုအပ်ချက်ကို ပြည်တွင်း ဆီစက်များက ဖူလုံစွာဖြည့်ဆည်း ပေးနိုင်ရန် သက်ဆိုင်ရာကဏ္ဍ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်