
နေပြည်တော် ဩဂုတ် ၃
ပြည်တွင်းစားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်းနှင့် ဦးထွန်းအုံတို့က ဦးဆောင်ဆွေးနွေးကြပြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေး၌ ပြည်တွင်းစားသုံးဆီ ဖူလုံရေး နှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင် ရေးအတွက် ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်မည့် ဆီထွက်သီးနှံများ၊ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မည့် ဆီစက်လုပ်ငန်းများနှင့် ရောင်းဝယ်ဖောက်ကားခြင်း ဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာဌာနများက ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်