ပန်းတနော်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်   ဇူလိုင်  ၂၈


NUG    အမည်ခံ   အကြမ်းဖက်အဖွဲ့နှင့်   ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့်   အခွင့်အလမ်းများ  ပျက်ပြား၍  ပညာမဲ့ လူတန်းစားများ   ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော      ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်း များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း   စသည့်နည်းလမ်းမျိုးစုံ  အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။

 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၂၇ ရက် နံနက်  ၉  နာရီ တွင်   ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် လက်ပန်ကုန်း ကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်း၌    အကြမ်းဖက် သမားများက  မီးရှို့ထွက်ပြေးသွား ခဲ့သဖြင့်    မီးလောင်မှုဖြစ်ပွား ကြောင်း  သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရုံးခန်း နှင့်         စာကြည့်တိုက်တွဲလျက် အဆောက်အဦအတွင်းရှိ စာရွက် စာတမ်းများ၊ ပြဋ္ဌာန်းစာအုပ်များ၊ သံဗီရို   တစ်လုံး၊   သစ်သားဗီရို  နှစ်လုံး၊    ဆုံလည်ကုလားထိုင်  တစ်လုံးတို့    မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား       ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခု ကဲ့သို့      ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို     ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန်    အားပေးလှုံ့ဆော် နေသည့်   NUG ၊  PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအပေါ် ဝိုင်းဝန်း      ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှား မှု သတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်    သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်း ပို့ခြင်းဖြင့်     ပြည်သူ့လုံခြုံရေး၊ အနာဂတ်    ရင်သွေးငယ်များ၏ လုံခြုံရေးကို   ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်