
နေပြည်တော် နိုဝင်ဘာ ၁၁
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု ပြဒက်ချောင်း ကျေးရွာအနီးရှိ အောင်စိမ်း၏တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ ခဲမောင်နှင့် မျိုးအောင်တို့ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေး ၈၀၆၂ ပြား၊ ဘိန်းဆီခဲ သုည ဒသမ ၀၆၅၃၂ ကီလို ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီခွဲတွင် ဘားအံခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် လှာကမြင်ကျေးရွာရှိ ကျော်လှစိုး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆၀ ကိုလည်းကောင်း။
ထို့နောက် နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မိုးကုတ်မြို့နယ် ကျောက်တစ်လုံးကျေးရွာအနီးတွင် ချန်ဖူး(ခ)ထွန်းလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား