
နေပြည်တော် ဒီဇင်ဘာ ၂၆
နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာအနီးတွင် ဇော်ဝင်း(ခ) ဇော်ဝင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်း ကျေးရွာ ဟုမ္မလင်းလေဆိပ်အနီး တွင် အောင်ဆန်းဝင်း(ခ)အောင် ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ)အိုက်ပါး၊ သန်းဇော်တို့ကို ဆိုင်ကယ် နှစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆၃ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၁၄၀၃ ကီလိုကို လည်းကောင်း။
အရေးယူထား
အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေးသွားကားလမ်း ဝက်ဝံ ကျေးရွာအုပ်စု ဝက်ဝံကျေးရွာ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကျော်မင်းထက်(ခ)ကောက်ကွေး (ခ) ကျော်မျိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၉၀ ကို လည်းကောင်း၊ ထို့အတူ ဒီဇင် ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်း မြို့နယ် ရွာတန်းကျေးရွာမှ အမြန်လမ်းမကြီးသွားကားလမ်း မိုင်တိုင်အမှတ်(၁၂/၂)နှင့် (၁၂/၃)ကြားတွင် အောင်နိုင်ဌေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီ တွင် ပူးပေါင်းအဖွဲ့သည် ရမည်း သင်းမြို့နယ် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၅၀/၇) အနီးတွင် စိုးထီကို ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား