ပါရီအိုလံပစ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် ပြင်သစ်က အမေရိကန်ကို ဂိုးပြတ်အနိုင်ရ

 

ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ဘောလုံးပြိုင်ပွဲမှ ပြင်သစ်ယူ - ၂၃ နှင့် အမေရိကန်ယူ - ၂၃ အသင်း ပွဲစဉ်ကို  ဇူလိုင် ၂၅ ရက် နံနက် ၁ နာရီခွဲက ပြင်သစ်နိုင်ငံ မာဆေးလ် မြို့ရှိ Orange Vlodrome ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ     ပြင်သစ် အသင်းက သုံးဂိုးပြတ် အနိုင်ရရှိပြီး အဖွင့်မျက်နှာပန်းလှခဲ့သည်။


နည်းပြ ဟင်နရီကိုင်တွယ်နေ သည့် ပြင်သစ်အသင်းသည် ရရှိ လာသည့် အခွင့်အရေးများကို အမိ အရအသုံးချကာ သုံးဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။


ပြင်သစ်အသင်း    အတွက် သွင်းဂိုးများကို   လာကာဇက်၊ အိုလစ်နှင့် ဘာဒီတို့က သွင်းယူပေး နိုင်ခဲ့သည်။ ပြင်သစ်၊ အမေရိကန် အသင်းတို့သည်   ပါရီအိုလံပစ် ၂၀၂၄ အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အုပ်စု(က)၌ နယူးဇီလန်၊ ဂီနီ အသင်းတို့နှင့်   တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။     


ပြင်သစ်အသင်းသည် လာမည့် ပွဲစဉ်အဖြစ် ဇူလိုင် ၂၈ ရက်တွင် ဂီနီအသင်းနှင့်    ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး အမေရိကန်အသင်း က နယူးဇီလန်အသင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။    အုပ်စု ပွဲစဉ်(၁) ကစားပြီးချိန်တွင် ပြင်သစ် အသင်းက နယူးဇီလန်အသင်းနှင့် ရမှတ် သုံးမှတ်တူ ဂိုးကွာခြားချက် ဖြင့် အမှတ်ပေးဇယားကို ဦးဆောင် ထားသည်။
ဇူလိုင် ၂၅ ရက် နံနက် ၁ နာရီ ခွဲတွင် အုပ်စု(ဃ) မှ မာလီ ယူ - ၂၃ နှင့် အစ္စရေး ယူ - ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီးတစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။                                                

အောင်ဇော်