ပရီမီယာလိဂ်ပွဲစဉ် (၂၈) ယှဉ်ပြိုင် မာနေး၏သွင်းဂိုးဖြင့် ဝက်စ်ဟမ်းကို လီဗာပူးအနိုင်ရ

 

လီဗာပူးအသင်းနှင့် ဝက်စ်ဟမ်းအသင်း တို့၏     ပရီမီယာလိဂ်ပွဲစဉ်  (၂၈) ကို မတ်  ၆  ရက်        နံနက်အစောပိုင်းက အန်ဖီးလ်ကွင်း၌     အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ လီဗာပူးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ 

 


ဦးဆောင်သူ  မန်စီးတီးအသင်းကို ထက်ကြပ်မကွာ    ဖိအားပေးနိုင်ရန် အတွက် လီဗာပူးအသင်းသည် ဒီယက်ဇ်၊ မာနေး၊    ဆာလာတို့ကို    အားပြုကာ အဓိက   ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။ ဝက်စ်ဟမ်းအသင်း ကလည်း အဆင့် (၄) အတွင်း ဝင်ရန် အတွက် အားထားရသည့် ကစားသမား များဖြင့် ပွဲထွက်လာခဲ့သည်။ 

 


နှစ်သင်းစလုံး     နိုင်ပွဲရရှိရေးကို ဦးတည်လာသည့်အတွက် အပြန်အလှန် တိုက်စစ်ဆင်ခွင့်၊ ဂိုးကန်သွင်းခွင့်များ ဖြင့်   ပွဲမှာ   အကြိတ်အနယ်ရှိခဲ့သည်။ လီဗာပူးအသင်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကို  ပွဲချိန် ၂၇ မိနစ်တွင် အာနိုး၏ ဖန်တီးမှုမှ မာနေးက သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် လီဗာပူး အသင်းရော       ဝက်စ်ဟမ်းအသင်းပါ သွင်းဂိုးများ ထပ်မံရရှိရန် လူစားလဲမှုများ ပြုလုပ်လာသော်လည်း ပွဲချိန်ပြည့်သည် အထိ    ဂိုးသွင်းယူနိုင်ခြင်း    မရှိသည့် အတွက် လီဗာပူးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

 


လီဗာပူးအသင်းသည် ယခုပွဲအနိုင် ရရှိမှုကြောင့်   ဦးဆောင်သူ  မန်စီးတီး အသင်းနှင့် ပွဲအရေအတွက် ၂၇ ပွဲတူ သုံးမှတ်အကွာသို့ ရောက်ရှိလာပြီဖြစ် သည်။   ပြိုင်ဘက် ဝက်စ်ဟမ်းအသင်း က    ယခုပွဲအရေးနိမ့်မှုကြောင့်   ၂၈ ပွဲ ကစားပြီး   ၄၅   မှတ်ဖြင့်    အဆင့် (၄) အတွင်းဝင်ရန် လက်ကျန်ပွဲစဉ်များကို ရုန်းကန်ရဦးမည် ဖြစ်သည်။ 

 


လာမည့်ပွဲစဉ်အဖြစ် လီဗာပူးအသင်း က မတ် ၉ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အင်တာမီလန်အသင်းနှင့်     ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်း က   ယူရိုပါလိဂ်ပြိုင်ပွဲ၌    ဆီဗီလာ အသင်းနှင့် မတ် ၁၁ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။      

အောင်ဇော်