
ချယ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ် (၃၄) ကို ဧပြီ ၂၄ ရက် ညပိုင်းက ချယ်ဆီးအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက ပူလီဆစ်၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ချယ်ဆီးအသင်းသည် ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ် ၃၂ ပွဲ ကစားပြီး ၆၅ မှတ်ဖြင့် အဆင့် (၃) နေရာ တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် ၃၄ ပွဲကစားပြီး ၅၂ မှတ်သာ ရရှိသောကြောင့် လာမည့် နှစ် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။
ချယ်ဆီးအသင်းသည် ခြေအသာ၊ ဂိုးကန်သွင်းခွင့် အသာဖြင့် ဝက်စ်ဟမ်းအသင်းကို ပွဲချိန်တစ်လျှောက် ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ဝက်စ်ဟမ်းအသင်းမှ ဒေါ်ဆင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရ သည်။ ပွဲချိန် ၈၇ မိနစ်တွင် ချယ်ဆီးအသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂျော်ဂျင်ဟို အဆုံးသတ် ကန်သွင်းရာ လွဲချော်ခဲ့သည့်အတွက် ချယ်ဆီးအသင်း နစ်နာခဲ့ရသည်။ သို့သော်လည်း ချယ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် အလွန်ဆို၏ ဖန်တီးမှုမှ ပူလီဆစ်က သွင်းယူပေးနိုင် ခဲ့သည်။
အခြားပွဲစဉ်ရလဒ်များမှာ ဘရိုက်တန်နှင့် ဆောက်သမ်တန် နှစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပြီး ဘန်လေက ဝုဖ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ လီဗာပူးက အဲဗာတန်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး မန်စီးတီးကို ဖိအားပေးနေဆဲ ဖြစ်သည်။
အောင်ဇော်