
ရန်ကုန် အောက်တိုဘာ ၂၆
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေ ပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထား သောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့ တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိ ကြသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ် ခြောက်ခေါက်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ် ငါးခေါက် အသီးသီး ရောက်ရှိကြသည်။
အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် တို့မှတစ်ဆင့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃ ရက် အထိ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိ လာမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်