
ရန်ကုန် အောက်တိုဘာ ၃၀
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
ယနေ့ ရောက်ရှိသော ပစ္စည်းများမှာ KN95 Mask များ၊ Protective Face Mask များနှင့် PPE Medical Protective Clothing များ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်