ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ဆက်လက်ရောက်ရှိ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ဆက်လက်ရောက်ရှိ

============================================================================================================================================

 

နေပြည်တော် နိုဝင်ဘာ ၃

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိသည်။

 

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ် ခုနစ်ခေါက် ၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သုံးခေါက်ရောက်ရှိသည်။ 

ယနေ့ ရောက်ရှိသောပစ္စည်းများမှာ KN95 Mask များ၊ Boots များနှင့်  PPE Medical Protective clothing များဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်