
ရန်ကုန် အောက်တိုဘာ ၂၄
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထား သောပစ္စည်းများ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သို့ အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိကြသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ KY 3147 (KMG – RGN) Cargo လေယာဉ်သည် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ 8M791 (KMG – RGN) Cargo လေယာဉ်သည် ယနေ့ နံနက် ၄ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ KY3143 (KMG – RGN) Cargo လေယာဉ်သည် နံနက် ၅ နာရီ
မိနစ် ၄၀ တွင်လည်းကောင်း၊ CZ3055 (CAN - RGN) လေယာဉ်သည် နံနက် ၉ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ KY 3145 ( KMG – RGN) လေယာဉ်သည် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ KY 3147 ( KMG – RGN) လေယာဉ် သည် ည ၉ နာရီတွင်လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ 8M794 Cargo လေယာဉ်သည် နံနက် ၄ နာရီ ၁၂ မိနစ်တွင်လည်းကောင်း အသီးသီး ရောက်ရှိကြသည်။
ယနေ့အထိ ရောက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများမှာ KN95 Masks ၉၉၅၄၈၀၀ ၊ Protective Face Masks ၅၀၀၀၀၀၊ PPE Medical Protective Clothings ၉၂၀၀၀ ၊ Boots ၁၅၉၀၀ ၊ Face Shields ၆၀၀၀၀၀၊ Surgical Gloves ၂၀၀၀၀၀ တို့ ဖြစ်ကြောင်းသိရသည်။
အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်