ပဋိညာဉ်ချိုးဖောက်ခြင်းနှင့် စရန်ငွေပြန်လည်ပေးအပ်ခြင်းဆိုင်ရာအငြင်းပွားမှုများ

Type

 

 

ဦးကျော်ကျော် (တရားရေး)

 

ပဋိညာဉ်ပြုနိုင်သူတို့က ဥပဒေနှင့်ညီညွတ်သော အဖိုးစားနားနှင့် ရည်ရွယ်ချက်အရ မိမိတို့အလိုအလျောက် ပြုလုပ်ကြသည့် သဘောတူညီချက်များသည် ပဋိညာဉ်အက်ဥပဒေအရ ပျက်ပြယ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ပဋိညာဉ်ဖြစ်သည်။ (ပဋိညာဉ်အက်ဥပဒေပုဒ်မ-၁၀)
ပဋိညာဉ်အက်ဥပဒေအရ        ပျက်ပြယ်သော သဘောတူညီချက်၊        တရားဝင်ပဋိညာဉ်နှင့် ပျက်ပြယ်ခွင့်ရသည့် ပဋိညာဉ်ဟူ၍သုံးမျိုးရှိသည်။
တရားဥပဒေအရ   အရေးယူဆောင်ရွက်ခြင်း မပြုနိုင်သော သဘောတူညီချက်သည်   ပျက်ပြယ် သော သဘောတူညီချက်ဖြစ်သည်။ 
(ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဆ))
တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် သဘောတူညီချက်သည်    တရားဝင်ပဋိညာဉ်ဖြစ် သည်။              (ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဇ))
သဘောတူညီချက်တွင်    ပါဝင်သူတို့အနက် တစ်ဦးကဖြစ်စေ၊   အများကဖြစ်စေ   အလိုရှိလျှင် ဥပဒေအရ အရေးယူဆောင်ရွက်ခွင့်ရှိသော်လည်း ကျန်သူများက ထိုကဲ့သို့ အရေးယူဆောင်ရွက်ခြင်း မပြုလျှင် ထိုသဘောတူညီချက်သည် ပျက်ပြယ်ခွင့် ရသည့်ပဋိညာဉ်ဖြစ်သည်။
(ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဈ))
ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂၃ တွင်    သဘော တူညီချက်၏ရည်ရွယ်ချက်သည် (၁) တရားဥပဒေ ဖြင့်   တားမြစ်ထားသည့်အချက်၊   (၂) အကယ်၍ ခွင့်ပြုလျှင်   တရားဥပဒေပါ  ပြဋ္ဌာန်းချက်များကို ပျက်ပြားစေမည့်အချက်၊ (၃)   လိမ်လည်လှည့်ဖြား ရာရောက်သည့်အချက်၊ (၄) သူတစ်ပါး၏(သို့မဟုတ်)ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း  (သို့မဟုတ်) နစ်နာ ရာရောက်စေသည့်အချက်၊   (၅)ကျင့်ဝတ်တရား ပျက်ပြားသည်  (သို့မဟုတ်) အများပြည်သူဆိုင်ရာ ဝါဒနှင့်ဆန့်ကျင်သည်ဟု  တရားရုံးကထင်မြင်သည့် အချက်စသည့်  ရည်ရွယ်ချက်တစ်ရပ်ရပ်မရှိလျှင် တရား ဥပဒေနှင့် ညီညွတ်သော ပဋိညာဉ်ဖြစ်သည်ဟု ဒေါ်စပ်ချစ်ဦး  (ကွယ်လွန်သူ    ဒေါ်စပ်လိပ်လုံ၏ တရားဝင်ကိုယ်စားလှယ်) ပါ   ၉ နှင့် ဦးစိုင်းရီ အမှု၊ ၂၀၀၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊  စာမျက် နှာ-၂၆၀ တွင်ထုံးဖွဲ့ထားသည်။
ရောင်းသူနှင့် ဝယ်သူတို့သည်  အရောင်းအဝယ် ပဋိညာဉ်ပြုလုပ်စဉ်က      ရောင်းသူပိုင်သည်ဟု ရောင်းသူရော ဝယ်သူပါ မှားယွင်းယုံကြည်ခဲ့သည့် ကိစ္စတစ်ရပ်ဖြစ်၍   ထိုပဋိညာဉ်သည်   ပဋိညာဉ် အက်ဥပဒေပုဒ်မ  - ၂၀ အရ   မူလကပင် ပျက်ပြယ် နေသည့် ပဋိညာဉ်ဖြစ်သည်ဟု  ယူဆရမည်ဖြစ်သည်။ ပျက်ပြယ်နေသည့်  ပဋိညာဉ်အရ ပေးဆောင်ရန် ကတိပြုထားသည့်  အဘိုးစားနားငွေကို ရောင်းသူအနေဖြင့်တောင်းဆိုခြင်းပြုနိုင်မည် မဟုတ်ပေ။ (ဒေါ်အုန်းစိန်ပါ ၄ နှင့် ဦးဘတင် အမှု၊ ၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၄၃)
ချေးငွေကို အိမ်မြေအရောင်းအဝယ်စရန်ပေးငွေ အဖြစ် ဖန်တီးထားသောစာချုပ်မှာ   ဟန်ဆောင် စာချုပ်ဖြစ်ပါသည်။ စရန်ငွေများကို စာချုပ်ချုပ်သည့် နေ့က  အမှန်တကယ်     ပေးချေခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်သည်။   ငွေကို      အလီလီပေးခဲ့သည့် အထောက်အထားမရှိသဖြင့် စာချုပ်တစ်ခုပြီးတစ်ခု တွင်    ချေးငွေအ​ရင်းနှင့်    အတိုးပေါ်အတိုးဆင့်၍ တွက်ချက်ဖော်ပြခဲ့သည့် ကြွေးမြီများဟုသာသုံးသပ် ရမည်ဖြစ်သည်။ အမှုမှာချေးငွေကို အိမ်မြေအရောင်း အဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့်ဟန်ဆောင်စာချုပ်အပေါ်   အခြေခံစွဲဆိုသောအမှု  ဖြစ် ကြောင်းပေါ်ပေါက်သည်။   ဟန်ဆောင်ချုပ်ဆိုထားသောစာချုပ်နှင့်    ပတ်သက်၍    စွဲဆိုသောအမှုကို ခိုင်မာသောအခြေခံမရှိသဖြင့်  ပလပ်ရန် ဖြစ်သည်။ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ(ခ)ဒေါ်လီလီလှိုင် အမှု၊ ၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက် နှာ-၁၂၇ တွင်ကြည့်ပါ။
တရားဥပဒေနှင့်ညီသော ပဋိညာဉ်သည် တရား ဥပဒေနှင့်  ညီညွတ်သောတာဝန်ကို    ဖြစ်ပေါ်စေ သည်။ အဆိုပါ တာဝန်ဝတ္တရားကို ပဋိညာဉ်ပြုသူတို့ က ထမ်းဆောင်ရန်တာဝန်ရှိကြပြီး   အဆိုပါတာဝန် ကို တစ်ဖက်ဖက်ကဖြစ်စေ၊ နှစ်ဖက်လုံးကဖြစ်စေ ထမ်းဆောင်ရန် ပျက်ကွက်ခြင်းကြောင့် အငြင်းပွား မှုများ  ဖြစ်ပွားကြကြောင်း   တွေ့ရသည်။
ပဋိညာဉ်ပြုသူတစ်ယောက်သည်   ပဋိညာဉ်အရ ဆောင်ရွက်ရန်     အချိန်ကျရောက်သော်လည်း ဆောင်ရွက်ရန်   ပျက်ကွက်လျှင်  ပဋိညာဉ်ချိုးဖောက် မှုဖြစ်ပေါ်သည်။   ပဋိညာဉ်ကို     ငြင်းပယ်ခြင်း (repudiation of the contract) သည် ပဋိညာဉ် အတိုင်း   လိုက်နာဆောင်ရွက်ရန်   ငြင်းဆိုခြင်း (refusal to  fulfill   the  contract)   ဖြစ်သည်။ ငြင်းပယ်ခြင်းဆိုသည်မှာ ပဋိညာဉ်ပြုသူတစ်ယောက် က    ပဋိညာဉ်အရပြုလုပ်ရန်  တာဝန်ကို ပြုလုပ် ဆောင်ရွက်ရန်   ငြင်းဆိုခြင်းဖြစ်သည်။   ထိုသို့ ငြင်းပယ်လိုက်လျှင် နစ်နာသော တစ်ဖက်ပဋိညာဉ် ပြုသူက   ယင်းသို့ငြင်းပယ်သူအား  ပဋိညာဉ်ကို ချိုးဖောက်မှုအတွက် လျော်ကြေးရယူရန် တရားစွဲဆို ပိုင်ခွင့်ရှိသည်။        ငြင်းပယ်ခြင်းမြောက်အောင် ပဋိညာဉ်အရပြုလုပ်ရမည့်      တာဝန်ကိုပြုလုပ် ဆောင်ရွက်ရန်  မည်သို့ငြင်းပယ်ရမည်နည်းဟူမူ လုံးလုံးလျားလျား  ငြင်းဆိုရမည် (total refusal)  သို့မဟုတ်   အကြွင်းမဲ့ငြင်းဆိုခြင်း   (absolute refusal) ဟု  ဆိုရပေလိမ့်မည်။    ပဋိညာဉ်ပြုသူ တစ်ယောက်သည်  ပဋိညာဉ်အတိုင်း   ၎င်းက မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လို ကြောင်းကို ၎င်း၏ပြုမူချက် (conduct) ဖြင့် သိစေ လျှင် ပဋိညာဉ်အရ ၎င်းပေါ်ကျရောက်သောတာဝန် ကို ငြင်းပယ်ရာရောက်သဖြင့် အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့်နစ်နာလျှင် လျော်ကြေးရခွင့် ရှိသည်။ ((၁)ဦးနေဝင်း (၂)ဒေါ်မြလေးနှင့် ဒေါ်ခင်အေး၊ ၁၉၇၂ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ- ၄၃(၅၈))
ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၃၇ တွင် ဤဥပဒေ ပါ ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ အခြားဥပဒေတစ်ရပ် ရပ်အရဖြစ်စေ    မဆောင်ရွက်ဘဲ    နေခွင့်ရှိသည် သို့မဟုတ် ဆောင်ရွက်ခြင်းမှ ခွင့်လွှတ်သည့်ကိစ္စမှ တစ်ပါး ပဋိညာဉ်ပြုလုပ်သူတို့သည် အသီးသီးပြုလုပ် ခဲ့သော   ကတိအတိုင်း   ဆောင်ရွက်ကြရမည်၊ သို့မဟုတ်   ဆောင်ရွက်မည်ဟု   ကမ်းလှမ်းရမည်။ ပဋိညာဉ်တွင်   အခြားနည်း  ဆန့်ကျင်ကွဲလွဲသည့် ရည်ရွယ်ချက်မရှိပါက ကတိအတိုင်း    မဆောင် ရွက်ရမီ ကတိပြုသူသေဆုံးလျှင်  ထိုသူ၏ကိုယ်စားပြု သူတို့အပေါ် ထိုကတိအတည်ဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၅၂ တွင် အပြန် အလှန် ကတိများအတိုင်း ဆောင်ရွက်ရန်   အစီအစဉ် ကို ပဋိညာဉ်အရ   အတိအလင်း   သတ်မှတ်ထားလျှင် ထိုအစီအစဉ်အတိုင်းဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ်အရ အစီအစဉ်ကို အတိအလင်းသတ်မှတ် ခြင်းမရှိလျှင်   အမှုကိစ္စသဘောအရ   လိုအပ်သော အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားသည်။ သို့ဖြစ်၍ သာမန်အားဖြင့်  အပြန်အလှန် ကတိပြုသူနှစ်ဦးသည် ပဋိညာဉ်တွင်ပါရှိသော အစီ အစဉ်အတိုင်း ၎င်းတို့၏ တာဝန်များကို ဆောင်ရွက် ရမည်ဖြစ်သည်။ 
ကတိပြုသူသည် ပဋိညာဉ်အရ မိမိဆောင်ရွက် ရန်အပိုင်းကို     ဆောင်ရွက်ရန်ပျက်ကွက်လျှင် ကတိရသူသည် ပဋိညာဉ်တစ်ရပ်လုံးကို  ဖျက်သိမ်း နိုင်သည်။ သို့သော် ပဋိညာဉ်ကို ဆက်လက်တည် သည်ဟု သတ်မှတ်လျှင် ကတိပြုသူအား ပဋိညာဉ် အတိုင်း ဆောင်ရွက်ပါဟု တောင်းဆိုပိုင်ခွင့်ရှိနိုင်ရန် မိမိဆောင်ရွက်ရန်ရှိသည်များကို      အပြည့်အဝ ဆောင်ရွက်ရမည်ဖြစ်သည်။ 
ပဋိညာဉ်တွင်   ပါဝင်သူတို့သည်  ပဋိညာဉ်တွင် ပါဝင်သော    အပြန်အလှန်ကတိများအတိုင်း ဆောင် ရွက်ကြရမည် ဖြစ်သည်။ သို့ရာတွင် ရောင်းချသူသည် ရောင်းချထားသောအဆောက်အအုံကို   ဖျက်သိမ်း ခြင်းဖြင့် ပဋိညာဉ်ပါ ကတိကို  စတင်ချိုးဖောက်သည်။ ထိုအခါ ဝယ်ယူသူသည် ကတိအတိုင်း ကျန်ငွေများ ကိုမပေးအပ်ဘဲ   ပဋိညာဉ်ကို   ဖျက်သိမ်းနိုင်သည် သို့မဟုတ်   ပဋိညာဉ်ကို  ဆက်လက်အတည်ပြုနိုင် သည်။ ထိုကဲ့သို့ ပဋိညာဉ်ကို ဆက်လက်အတည်ပြု လိုလျှင်   ဝယ်ယူသူသည်  ပဋိညာဉ်ပါကတိအတိုင်း ကျန်ငွေကို    သတ်မှတ်ရက်တွင်   ပေးချေရမည် (သို့မဟုတ်)ဝယ်ယူသူသည် ပဋိညာဉ်ကို  ဆက်လက် အတည်မပြုလိုလျှင်  ကျန်ငွေများကို မပေးဆပ်ဘဲ ပဋိညာဉ်ကို ဖျက်သိမ်းပိုင်ခွင့်ရှိပေသည်။
ကတိများကို အပြန်အလှန်  ဆောင်ရွက်ရန်ဖြစ် ကြလျှင် တစ်ဖက်စီသည်  ပဋိညာဉ်အရ  မိမိဆောင် ရွက်ရန်ရှိသည့်အတိုင်း   ဆောင်ရွက်လိုက   ဆောင် ရွက်ခွင့်ရှိသည်။  သို့ရာတွင်    မိမိဆောင်ရွက်ရန် သဘောတူညီသောအပိုင်းကို    ဆောင်ရွက်ခြင်း မပြုဘဲ အခြားတစ်ဖက်အား ထိုသူက  ကတိအတိုင်း ဆောင်ရွက်ရန် မတောင်းဆိုနိုင်ချေ။ 
အရောင်းအဝယ်ပဋိညာဉ်ကို    သီးခြားဆောင် ရွက် ပေးစေရန်  စွဲဆိုသောအမှုတွင်      ပေါ်ပေါက်သော အမှုစွဲဆိုရန်အကြောင်းသည်  အရောင်းအဝယ် ပြုလုပ်သည့်ပစ္စည်းကို     လက်ရောက်ပေးအပ်ရန် စွဲဆိုသောအမှု၌      ပေါ်ပေါက်သောအမှုစွဲဆိုရန် အကြောင်းနှင့်မတူချေ။   အရောင်းအဝယ်ကိစ္စကို သီးခြားဆောင်ရွက်ပေးစေလိုမှုမှာ    ပစ္စည်းရောင်းချ ရန်    ပဋိညာဉ်အပေါ်အခြေခံ၍    စွဲဆိုခြင်းဖြစ်ပြီး လက်ရောက်ပေးအပ်စေလိုမှုမှာ ပစ္စည်းလွှဲပြောင်း ခြင်းစာချုပ်အပေါ် အခြေခံ၍  စွဲဆိုခြင်းဖြစ်သည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဝယ်သူကရောင်း သူအပေါ် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပေး ရန်နှင့် လက်ရောက်ရလိုကြောင်း စွဲဆိုသောအမှုတွင် ရောင်းသူက   အဆိုပါပစ္စည်းအပေါ်  ပိုင်ဆိုင်မှု မရှိကြောင်း  ပေါ်ပေါက်နေပါက  စွဲဆိုသည့်အတိုင်း ဒီကရီမရနိုင်ပေ။ (ဦးစိုးမြင့်နှင့် ဦးအောင်ကျော်မင်း ပါ၂၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံ  တရားစီရင်ထုံး၊ စာမျက်နှာ- ၁၆၇)
အရောင်းအဝယ်ပဋိညာဉ်တွင်     ရောင်းသူက ပဋိညာဉ်ကိုဖောက်ဖျက်ပါက လျော်ကြေးငွေပေးရန် စည်းကမ်းချက်ပါရှိလျှင် ပဋိညာဉ်အတိုင်း ဆောင် ရွက်စေရန် သက်သာခွင့်နှင့် လျော်ကြေးပေးစေရန် သက်သာခွင့်တို့အနက်   မည်သည့်သက်သာခွင့်ကိုရယူလိုခြင်းမှာ တရားလို၏ရွေးချယ်ခွင့်ဖြစ်ပေသည်။
(ဦးမြမောင်နှင့်ဦးဝမ်စွိ(ခ)တန်ဝမ်စွိပါ၇၊
                 ဦးတင်ဦးပါ ၈
၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ 
စာမျက်နှာ- ၁၁၅)
ပဋိညာဉ်ချုပ်ဆိုရာတွင်   ပါဝင်သူတစ်ဦးက အကြောင်းအရာတစ်ခု သတ်မှတ်ထားသောအချိန် တွင် ပြုလုပ်ရန်ကတိပြုသော်လည်း  ထိုကဲ့သို့ပြုလုပ် ရန် ပျက်ကွက်လျှင် အချိန်သည် ပဋိညာဉ်၏အဓိက အချက်ဖြစ်ရန်   ရည်ရွယ်ပါက    ကတိရသူက ထိုပဋိညာဉ်ကို ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၅၅ အရ ဖျက်သိမ်းခွင့်ရသည်။  ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၅၅ တွင် ဖော်ပြထားသော   အချိန်ကာလသည် ပဋိညာဉ်၏ အဓိကအချက်ဖြစ်စေရန် ကာယကံရှင် များက ရည်ရွယ်ခြင်း  ရှိ-မရှိ  ပြဿနာကိုစာဖြင့် ရေးသားထားသော စာချုပ်စာတမ်းပါ   စည်းကမ်း ချက်များနှင့် ပတ်ဝန်းကျင်အကြောင်းခြင်းရာများ ကိုဆင်ခြင်စဉ်းစားဆုံးဖြတ်ရမည်။ ( ဒေါ်လှနွဲ့ (၎င်း ၏    အခွင့်ရကိုယ်စားလှယ်    ဦးထွန်းအောင်နှင့် ဦးသန်းညွန့်ပါ၃၊  ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာမျက်နှာ- ၄၀၃(၄၀၄)) 
ပဋိညာဉ်တစ်ရပ်ပျက်ပြယ်သည့်အခါ    ယင်း ပဋိညာဉ်အရ ရရှိထားသည့်အကျိုးခံစားခွင့်ကို ရရှိ ထားသူက  ပြန်လည်ပေးအပ်ရမည်ဟု    ပဋိညာဉ် အက်ဥပဒေပုဒ်မ- ၆၅ တွင် ပြဋ္ဌာန်းထားသည်။
တရားလိုက လျော်ကြေးမတောင်းဆိုစေကာမူ တရားရုံးကလျော်ကြေးပေးစေသည့်အမိန့်ချမှတ် နိုင်သည်။ လျော်ကြေးငွေ မည်မျှသတ်မှတ်သင့်သည် ကို   ချိန်ဆရာ၌ လျော်ကြေးငွေရမည့် ဦးအဘူတွင် မည်မျှတာဝန်ကင်းသည်ကို     သုံးသပ်ရပေမည်။ 
မြေဂရန်အပြိုင်လျှောက်၍   အရှုပ်အရှင်းရှိနေ ကြောင်း   ဦးအဘူအနေဖြင့်   ထိုက်သင့်သော  သတိဖြင့် စုံစမ်းလျှင် သိရှိနိုင်သည်။ ထိုသို့စုံစမ်းရန် ပျက်ကွက်ပြီး    ဝယ်ယူခဲ့သည်။  (သို့မဟုတ်)သိလျက်နှင့် ဝယ်ယူခြင်း ဖြစ်နိုင်သည်။  ဦးအဘူတွင် တာဝန်ကင်းသည်ဟု  မဆိုနိုင်ပေ။  စတိသဘော လျော်ကြေးသာ ပေးသင့်သည်။ 
( ဦးအဘူနှင့် ဒေါ်ကမာလ်ဇံပါ ၄  အမှု၊  ၁၉၉၄ ခုနှစ်၊    မြန်မာနိုင်ငံတရားစီရင်ထုံး၊  စာမျက်နှာ-၁၁၈)
“အရောင်းအဝယ်ပျက်ပြယ်သဖြင့်     ပေးသွင်း ထားသောငွေကို        ပြန်လည်ပေးအပ်ရေးနှင့် စပ်လျဉ်း၍ ပဋိညာဉ်အက်ဥပဒေတွင်    ပြဋ္ဌာန်းထား ချက်များ မတွေ့ရပေ။ ဤပြဿနာကို ဆုံးဖြတ်ရာ၌ ပေးသွင်းသောငွေသည် ရောင်းငွေအတွက် တစ်စိတ် တစ်ဒေသအားဖြင့်   ပေးသွင်းခဲ့လျှင်   ရောင်းသူသော် လည်းကောင်း၊ ဝယ်သူသော်လည်းကောင်းပဋိညာဉ် အတိုင်းဆောင်ရွက်ရန်  ပျက်ကွက်က   ထိုငွေကို ပြန်လည်ပေးအပ်ရမည်” ဟူ၍ ဘာဘူကနီရာလား (လ်)ဒနုကာနှင့်  မက်ဆား(စ်)  ရွှေပြည်စိုးဖလင် ကုမ္ပဏီအမှု၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (တရားရုံးချုပ်) စာမျက်နှာ-၁၉၅ အမှုတွင် စီရင် ထုံးဖွဲ့ထားသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူရန် ပဋိညာဉ်ကို     ပြုလုပ်သောဝယ်သူကစရန်ငွေကို ပေးထားရာ ပဋိညာဉ်အတိုင်း အပြီးသတ်ဆောင်ရွက် ရန်  အချိန်စေ့ရောက်သောအခါ  ရောင်းသူသည် အပြီးသတ်ဆောင်ရွက်ရန်  ပျက်ကွက်ခဲ့လျှင် (၁) ဝယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟုမှတ်ယူ ၍       စရန်ငွေကိုရလိုကြောင်း    စွဲဆိုနိုင်သည်။ (သို့မဟုတ်) (၂)ပဋိညာဉ်ကို ဆက်လက်အတည်ဖြစ် သည်ဟုမှတ်ယူ၍ (က) ပဋိညာဉ်ကိုချိုးဖောက်သည့် အတွက်    နစ်နာကြေးရလိုမှု   စွဲဆိုနိုင်သည်။ (သို့မဟုတ်) (ခ) ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်စွဲဆိုနိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၇၄  အရလည်း ပဋိညာဉ်ကို ဖောက်ဖျက်သောအခါ ထိုသို့ဖောက် ဖျက်ပါကပေးရန်ဖြစ်သော ငွေပမာဏကို ပဋိညာဉ် တွင်ဖော်ပြထားလျှင် ထိုသို့ဖောက်ဖျက်ခြင်းကြောင့် အမှန်တကယ်ပျက်စီးဆုံးရှုံးမှုရှိကြောင်း  ထင်ရှား သည်ဖြစ်စေ၊   မထင်ရှားသည်ဖြစ်စေ ဖောက်ဖျက် ကြောင်း တိုင်တန်းသူသည်   ဖောက်ဖျက်သူထံမှ ထိုဖော်ပြသော  ငွေကြေးပမာဏကို   ရပိုင်ခွင့် ရှိသည်။     သက်သေခံအမှတ်(က) ခြံမြေအရောင်း အဝယ်စရန်ပေးစာချုပ်တွင် ရောင်းသူက ပျက်ကွက် ပါက စရန်ငွေ၏နှစ်ဆကို ပေးလျော်မည်ဟု နှစ်ဦး နှစ်ဖက်   သဘောတူညီထားကြသဖြင့်   စရန်ငွေ ၅ဝဝဝဝိ/- ၏ နှစ်ဆဖြစ်သော  ငွေ ၁ သိန်းကျပ်ကို ဝယ်သူအယူခံတရားလိုကရပိုင်ခွင့်ရှိသည်။ (ဒေါ်နီ (ခ) ဒေါ်မိမိလေးနှင့်ဒေါ်အေး၊ ၂၀၀၁ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ- ၂၅၉)
အငြင်းပွားမှုအများစုသည် ပဋိညာဉ်ချိုးဖောက် မှုကို အခြေပြုကြပါသည်။   ပဋိညာဉ်တစ်ရပ်သည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ၊ မည်သူသည် ပဋိညာဉ် ကိုချိုးဖောက်သူဖြစ်သည်၊ ပဋိညာဉ်ချိုးဖောက်ခြင်း ကြောင့် ဥပဒေအရ မည်သူကနစ်နာသည်၊  မည်သူ့ တွင်တာဝန်ရှိသည်၊ ချိုးဖောက်မှုအတွက် ဥပဒေအရ သက်သာခွင့်များရရှိခံစားနိုင်ရန်အတွက်  ဥပဒေ နှင့်ညီညွတ်သော   ပဋိညာဉ်ချုပ်ဆိုနိုင်ကြစေရန် ရည်ရွယ်၍ စုဆောင်းတင်ပြအပ်ပါသည်။     ။