
နေပြည်တော် နိုဝင်ဘာ ၂၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ပုဗ္ဗသီရိ မြို့နယ် နဝဒေးရပ်ကွက် ရွှေပြည်စိုး လမ်းနေ ဇင်ကိုကို(ခ) သားငယ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လပြည့်အားတွေ့ရှိ ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရိ မြို့နယ် နဝဒေးရပ်ကွက် ပုန်းညှက် လမ်းနေ သက်ဝေထွန်း(ခ)တရုတ် ကြီး၏နေအိမ်ကို ဝင်ရောက်ရှာဖွေ ရာ ဆေးခြောက် နှစ်ကီလို၊ ဘိန်းဖြူ ၀ ဒသမ ၀၆ ကီလို၊ အိုက်စ် ၀ ဒသမ ၇ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၇၇၂၀ ကိုလည်းကောင်း။
ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ် တွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့ အရှေ့စုရပ်ကွက် ပုဂံ လမ်းတွင် မခင်ချိုဦး (ခ) မချို မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၆၀၀ ကိုလည်းကောင်း။
ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် မိုးကုတ် မြို့နယ် ဆက်အင်းပြန့်ကျေးရွာ အုပ်စု ဆက်အင်းပြန့်ကျေးရွာ လမ်းဆုံတွင် အားဆာ မောင်းနှင် လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရဲပြန်ကြား