
နေပြည်တော် ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အင်မထီး ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမား များက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက် တို့မှ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်တိုက်ခိုက် လာခဲ့ပြီး ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ ကျေးရွာတွင်းရှိ နေအိမ်များကို အကြမ်း ဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သော် လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်မီဒီယာအချို့ တို့က လူမှုကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန် သတင်းအမှားများကို ဝါဒဖြန့်ရေးသားလျက် ရှိသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိသားစုဝင်များကို အမျိုး မျိုး ခြိမ်းခြောက်၍ မိသားစုဝင်ထဲမှ သက်ကြီးရွယ်အို အဘိုးအိုကို မီးလောင်နေသည့်အထဲသို့ ထည့်ပြီး သတ်ဖြတ်သွားခဲ့သည့်အပြင် နေအိမ်ကိုပါ မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် အိုးအိမ်နှင့် စည်းစိမ်ကို သာမက မိသားစုဝင်၏ အသက်ကိုပါ ပေးခဲ့ရသည့် ဒေသခံ ကျေးရွာသားတစ်ဦး၏ ရင်နင့်ဖွယ် စကားသံ များကို ယခုကဲ့သို့ ကြားသိရသည်။
ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာက ပြည်သူ့စစ်ကာကွယ်ရေးထဲကိုဝင်ထားတဲ့ တပ်သား တစ်ဦးဖြစ်ပါတယ်။ ကျွန်တော် ဒီတပ်ထဲကို ဝင်တယ် ဆိုကတည်းက PDF အဖွဲ့က ကျွန်တာ်တော့်ဆီကို လှမ်းပြီး အမျိုးမျိုးခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီး မင်းမိသားစုဝင်တွေ ဒုက္ခရောက်သွားမယ်လို့ သူတို့က ပြောတယ်။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေထဲက ဦးလေးတစ်ယောက်ကို ဟိုဘက်ရွာကို ကယ်ထုတ်ခဲ့ တယ်။ ကယ်ထုတ်ရမယ့်သူက နှစ်ယောက်ဆိုတော့ ကျွန်တော်တို့က ကျွန်တော့် ဦးလေးတစ်ယောက်ပဲ ကယ်ထုတ်သွားနိုင်ခဲ့တယ်။ ဦးလေးကို ဟိုဘက်ရွာကို ကယ်ထုတ်ပြီးခါမှ ဒီဘက်ကို လာပြန်ကယ်မယ် ဆိုတော့ သူကမရှိတော့ဘူး။ သူတို့တွေက သူ့ကို မီးလောင်နေတဲ့ တဲထဲကို ပစ်ပြီးထည့်သွားတယ်။ သူတို့ပြောတော့ ပုလဲနယ် PDF က အင်မထီးရွာရဲ့ လုံခြုံရေးပါလို့ သူတို့ပြောခဲ့တယ်။ ဘာတွေလုံခြုံတာ လဲ။
ထို့အပြင် အင်းမထီးကျေးရွာရှိ အပြစ်မဲ့ပြည်သူ များအား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၍ နေအိမ်များနှင့် ရာသီသီးနှံ များပါမကျန် မီးရှို့သည့်အပြင် အပြစ်မဲ့ ဇနီးဖြစ်သူကို ပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကိုလည်း ဒေသခံ ရွာသား သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းထံမှ ယခု ကဲ့သို့ ကြားသိရသည်။
ကျွန်တော်ကတော့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးကျေးရွာက ရိုးရိုးသားသားနဲ့ လုပ်ကိုင်စား နေတဲ့ တောင်သူတစ်ဦးပါ။ ကျွန်တော့်မှာ အသက် ၈၀ ကျော် အဘွားကြီးနဲ့ သားသမီးသုံးယောက်ရှိပြီး ရိုးရိုးသားသားနဲ့ တောင်သူလုပ်ကိုင်စားသောက်နေ တာပါ။ ဒါပေမယ့် ရွာပြည်သူ့စစ်ထဲဝင်တာ မကျေနပ် လို့ဆိုပြီး ၃၀ ရက်နေ့ ၄ နာရီလောက်က ရွာထဲကို ဝင်ပြီး အပြစ်မဲ့ပြည်သူတွေနဲ့ ကျွန်တော့်အိမ်တင်မကဘဲ အိမ်ခြေ နှစ်ရာကျော်လောက်ကို အကုန်မီးရှို့ဖျက်ဆီး သွားပါတယ်။ မီးရှို့ဖျက်ဆီးရုံတင်မကဘဲ ကျွန်တော့် မိန်းမကိုလည်း ဘာမှအပြစ်မရှိဘဲနဲ့ သတ်ဖြတ်သွားခဲ့ ပါတယ်။ ဒီနေရာက ကျွန်တော် ဒီနှစ်ရတဲ့ သီးနှံတွေ ထားတဲ့နေရာပါ။ စပါး၊ ပဲစင်းငုံ၊ နှမ်း၊ နေကြာ ကျွန်တော်လုပ်ထားတာ၊ ကျွန်တော်တောင် မစား လိုက်ရပါဘူး။ တကယ်လည်း ဝမ်းနည်းပါတယ်။ ကျွန်တော်တို့ဘာမှ မသိနားမလည်တဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို ဒီလိုလုပ်တာကတော့ မတရားဘူးလို့ ထင်ပါတယ်။ ကျွန်တော် ခုဆိုရင် သားသမီး သုံးယောက် ပညာရေးတစ်ပိုင်းတစ်စနဲ့ လုပ်ကိုင် စားစရာလည်း မရှိတော့ပါဘူး။ ကိုယ်ချင်းစာကြပါ။ ကျွန်တော်တို့ ဘာလုပ်နေလို့လဲ။ ကိုယ့်ဟာကိုယ် ရိုးရိုးသားသား တောင်သူလုပ်ကိုင်စားတာပါ။ မြင်မကောင်းဘူး။ ဆေးလည်းတိုက်စရာမရှိဘူး။ ကျွန်တော်တို့ အခက်အခဲတွေကိုကြည့်ပြီး ကိုယ်ချင်း စာပေးကြပါလို့ PDF အဖွဲ့တွေကို ကျွန်တော်ပြောချင် ပါတယ်။ ကျွန်တော်တို့ကို ဘာအပြစ်ရှိလို့ ဒီလို လုပ်တာလဲပေါ့။ နောက်နောင် ဒီအဖြစ်မျိုးကြီးနဲ့ မကြုံရအောင် ကျွန်တော်တို့ကို ကူညီပေးပါ။ အပြစ် မရှိပါဘူး။ တောင်သူရိုးရိုးသားသား လုပ်ကိုင်နေ တာပါ။
အလားတူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိသားစုဝင်များကို အမျိုးမျိုးခြိမ်းခြောက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများကို ရက်စက်စွာသတ်ဖြတ်၍ နေအိမ် များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့ခဲ့ကာ ကျန်းမာ ရေးနှင့် စားရေရိက္ခာအတွက် သွားရောက်ဝယ်ယူမည့် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည့်အပြင် သားဖြစ်သူပါ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဒေသခံ ရွာသား ဖခင်တစ်ဦး၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရသည်။
ကျွန်တော်က စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာကပါ။ ဒီ PDF တွေနဲ့ ဆိုတော့ နေလို့ကမရဘူး။ ဘယ်လိုမှမရတော့ မောင်ကျော်လှိုင်တို့၊ ဦးအေးဝင်းတို့၊ မောင်ဌေးလွင် တို့ကလည်း တစ်ခါတည်း ပြေးကြရတာပေါ့။ နောက်တော့ အခုပြောသလို လုံခြုံရေးဖွဲ့ပြီးတော့ ဒီကိုလာလိုက်တဲ့အခါမှ ကျွန်တော်တို့လည်း အားတွေရှိသွားတာပါ။ ကျွန်တော့်သားကလည်း သူတို့လည်းရောက်ရော PDF အသတ်ခံရပြီး သေပါ တယ်။ ကျွန်တော့်ဘဝကလည်း မိန်းမသေတာ ကလည်း သုံးလလောက်ပဲ ရှိပါသေးတယ်။ အခု သားကလည်း အခုလိုဖြစ်တယ်ဆိုတော့ ယူကျုံးမရ အရူးလို ကျုပ်ဖြစ်နေတာပေါ့။ ဒီမှာလည်း အခု ပြောသလို ဈေးလည်းဝယ်ချင်ရင် ဝယ်မရဘူး။ လမ်းကြောတွေအကုန်လုံးပိတ်ပြီး ဘယ်လိုမှ လုပ်လို့ မရဘူး။ လပြည့်ကျော် ၁၄ ရက်နေ့မှာ PDF တွေ လူပေါင်း ၃၀၀ ကျော်လောက်က ရောက်လာပြီး ကျွန်တော်တို့ရွာကို မီးရှို့သွားပါတယ်။ နည်းနည်း ပါးပါးလောက်ပဲ ကျန်ပါတယ်။ လပြည့်ကျော် ၁၄ ရက်နေ့ ၄ နာရီလောက် PDF ၃၀၀ ကျော်လောက် က ရွာကိုရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ် နဲ့ပစ်ခတ်ကာ မီးရှို့တဲ့သူကရှို့၊ ပစ်တဲ့သူက ပစ်ဆို တော့ ကျွန်တော်တို့ဘယ်လိုမှမတတ်နိုင်လို့ အခုလို ခံလိုက်ရတာပါ။
အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီးကျေးရွာသို့ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များက သွားရောက်၍ ဒေသခံကျေးရွာသူ/ကျေးရွာသားများ အား ကျေးရွာစာသင်ကျောင်း၌ တွေ့ဆုံအားပေး စကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ပေးရန် လိုအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်