ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ၎င်းတို့ ဆုတ်ခွာထွက်ပြေးစဉ် ပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့ပြည်သူ အမျိုးသား သုံးဦးနှင့် အမျ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၆


စစ်ကိုင်းတိုင်းဒေသကြီး     ပုလဲမြို့နယ်     ဇီးဖြူကုန်း ကျေးရွာ   အခြေခံပညာအလယ်တန်းကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော်ဝါရီ ၁၄ ရက် ည ၁၂ နာရီခွဲတွင် ကျေးရွာ၏ မြောက်ဘက်မှ    လက်လုပ်စိန်ပြောင်း၊     တူမီး သေနတ်၊      လက်နက်ငယ်များဖြင့်     လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်      လုံခြုံရေးတပ်ဖွဲ့ဝင် များက   ပြန်လည်ခုခံ  ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့် အကြာတွင် အကြမ်းဖက်သမားများမှာ ကျေးရွာ၏ မြောက်ဘက်ရှိ ချောင်းဦးကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ 

 


PDF   အမည်ခံ   အကြမ်းဖက်သမားများသည် ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ    လမ်းတစ်လျှောက်ရှိ အပြစ်မဲ့ပြည်သူများ၏   နေအိမ်များအား    မီးရှို့ ဖျက်ဆီးခဲ့သဖြင့်     ပြည်သူတို့၏      နေအိမ်များ မီးကူးစက် လောင်ကျွမ်းခဲ့ရာ    လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့သော်လည်း ကျေးရွာရှိ အပြစ်မဲ့ ပြည်သူများ၏    နေအိမ်  ၃၁  လုံး   မီးလောင် ပျက်စီးဆုံးရှုံးပြီး အဆိုပါ ကျေးရွာနေ ဦးဖိုးညို (၄၁) နှစ် (ဘ) ဦးတင်လှိုင်၊ ဦးလှရွှေ  (၆၅) နှစ် (ဘ)  ဦးပေါက်၊  ဦးသန်းဆွေ  (၆၆)  နှစ် (ဘ)  ဦးဖိုးစပ် နှင့် ဒေါ်တင်စု (၅၅) နှစ် (ဘ) ဦးကျော်သိန်းတို့ လေးဦးမှာ ၎င်းတို့၏ နေအိမ် များအတွင်း   ပိတ်မိ၍    မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။    

 


ထိုသို့      မီးလောင်ပျက်စီးခဲ့သည့်     နေအိမ် ၃၁ လုံးမှ အိမ်ထောင်စု ၃၁ စု၊ ကျေးရွာနေပြည်သူ ၁၇၁ ဦးတို့အား  ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း သို့      ရွှေ့ပြောင်းပို့ဆောင်ထားရှိခဲ့ပြီး   လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ  ဆက်လက်လုပ်ဆောင်ခဲ့ရာ အကြမ်း ဖက်သမားများ    အသုံးပြုခဲ့သည့်     လက်လုပ် တူမီးသေနတ် တစ်လက်၊ လက်လုပ်ပစ္စတိုသေနတ် နှစ်လက်၊ ၄၀ မမ လက်လုပ်   ဗုံးသီး  ၁၃  လုံး၊  ၅.၅၆  ကျည် တစ်တောင့်၊ ၇.၆၂ ကျည် ကိုးတောင့်တို့ကို   ကျေးရွာပတ်လမ်း၌ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

 


ထိုသို့   ကျေးရွာနေပြည်သူများ   အေးချမ်းစွာ  နေထိုင်နိုင်ရေး    လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိသည့်   လုံခြုံရေးတပ်ဖွဲ့ဝင်များအား   လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး  အပြစ်မဲ့ပြည်သူများ၏ နေအိမ် များအား မီးရှို့ဖျက်ဆီးကာ လူ့အသက် သေဆုံးစေ ခဲ့သည့်    အကြမ်းဖက်သမားများအား    လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်း များနှင့်   ပူးပေါင်း၍   လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ       ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်