ပုလဲရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီး ပုလဲအတွဲပေါင်း( ၂၁၀) ရောင်းချနိုင်ခဲ့

 

နေပြည်တော်   ဩဂုတ်   ၁၅
၂၀၂၄ ခုနှစ်    (၁၄၂)ကြိမ်မြောက် မြန်မာ့     တောင်ပင်လယ်ပုလဲ ရောင်းချပွဲကို ယနေ့  နံနက်ပိုင်း က  နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌  ဆက်လက် ကျင်းပပြီး တင်ဒါအမှတ် (၅)နှင့် တင်ဒါအမှတ်(၆)တို့မှ ပုလဲအတွဲ ပေါင်း ၂၄၀ နှင့် တင်ဒါမအောင်မြင် ခဲ့သည့် ပုလဲအတွဲများကို   တင်ဒါ ဖွင့်ဖောက်ရောင်းချခဲ့ကာ မြန်မာ့ တောင်ပင်လယ်ပုလဲ ရောင်းချပွဲ အောင်မြင်စွာ    ကျင်းပပြီးစီးခဲ့ သည်။
နံနက်ပိုင်းမှစ၍  ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ   ကျောက်စိမ်းခန်းမ အတွင်း၌ ရောင်းချရန် ခင်းကျင်း ပြသထားသော  ကျန်ရှိနေသည့် ပုလဲအတွဲများကို   စိတ်ကြိုက် လေ့လာကြည့်ရှုကြကာ   တင်ဒါ အမှတ်(၅)ဖြစ်သည့်   ပုလဲအတွဲ အမှတ်(၄၆၁)မှ    အတွဲအမှတ် (၅၈၀)အထိနှင့် တင်ဒါအမှတ်(၆) ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)တွဲမှ ပုလဲအတွဲအမှတ်(၇၀၀)အထိ ဈေးနှုန်း   တင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
ညနေပိုင်းတွင်  ၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင် ပင်လယ်ပုလဲရောင်းချပွဲ    ဗဟို ကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ  မဏိရတနာကျောက် စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ပုလဲအတွဲများ   ရောင်းချနေမှု ကို   လိုက်လံကြည့်ရှု    အားပေး သည်။
ထို့နောက် တင်ဒါအမှတ်(၅)နှင့်တင်ဒါအမှတ်(၆)တို့မှ ပုလဲအတွဲ ပေါင်း(၂၄၀)အတွက် တင်သွင်းထား  သော ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက ဖွင့်ဖောက် စစ်ဆေးကာ    ပုလဲအတွဲပေါင်း (၁၉၆) တွဲ    ရောင်းချရကြောင်း ကြေညာပြီး    ယခင်နေ့များက တင်ဒါအမှတ်(၁)မှ တင်ဒါအမှတ် (၅)အထိ   တင်ဒါမအောင်မြင်ခဲ့ သည့်   ပုလဲတွဲများကို     တင်ဒါ ပြန်လည်ခေါ်ယူခဲ့ရာ   ပုလဲအတွဲ (၁၄) တွဲ    တင်ဒါအောင်မြင်ခဲ့၍ ယနေ့တွင် ပုလဲအတွဲပေါင်း( ၂၁၀)ကို ရောင်းချနိုင်ခဲ့သည်။
၂၀၂၄  ခုနှစ်    (၁၄၂)  ကြိမ် မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး     ပုလဲ ရောင်းချပွဲ  ဒုတိယနေ့တွင် ပုလဲ အတွဲပေါင်း  (၂၃၀)အနက်  ပုလဲ အတွဲ(၁၇၇)တွဲကို လည်းကောင်း၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၂၃၀)အနက် ပုလဲအတွဲ (၁၈၄)တွဲကို လည်းကောင်း၊ စတုတ္ထနေ့ တွင် ပုလဲအတွဲပေါင်း(၂၄၀)အနက် ပုလဲအတွဲ(၁၉၆) တွဲနှင့်    ထပ်မံ ရောင်းချရသည့် ပုလဲအတွဲ (၁၄)တွဲ စုစုပေါင်းအတွဲ(၂၁၀)  တို့ကို ၂၀၂၄ ခုနှစ်  (၁၄၂) ကြိမ်မြောက် မြန်မာ့     တောင်ပင်လယ်ပုလဲ ရောင်းချပွဲ     ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ် ဖွင့်တင်ဒါစနစ်ဖြင့် အောင်မြင်စွာရောင်းချပေးနိုင်ခဲ့ကြောင်း   သိရ သည်။
သတင်းစဉ်