ပုလောမြို့နယ် နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၏ နေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်    မေ    ၂၆


တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် နတ်အိမ် တောင်ကျေးရွာရှိ     ပြည်သူ့စစ်   တပ်ဖွဲ့ဝင်များ၏ နေအိမ် သုံးလုံးအား ယနေ့ မွန်းလွဲ ၂ နာရီ မိနစ်  ၃၀ ခန့်တွင်   အကြမ်းဖက်သမားအင်အား  ၅၀  ခန့်က လာရောက်မီးရှို့သွားခဲ့ကြောင်း သိရသည်။ 

 


အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ က  နယ်မြေလုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက်ရန် သွားရောက်စဉ်          နတ်အိမ်တောင်ကျေးရွာ၏ အနောက်တောင်ဘက်   မီတာ  ၂၀၀၀  ခန့်အကွာရှိ ပုလောကုန်းကျေးရွာအနီးသို့ အရောက်၌ အကြမ်း ဖက်သမား  အင်အား  ၅၀  ခန့်က  လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့်  ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမားများသည်    အရှေ့မြောက်ဘက်သို့    ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 


အဆိုပါ  နေအိမ်များကို  မီးရှို့ဖျက်ဆီးခဲ့သည့်  အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားသည့် နေရာများသို့  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံ ၍ အကြမ်းဖက်နှိမ်နင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်