ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ချယ်ဆီး တိုက်စစ် ကစားသမား ဇီယက်ကို ဘာစီလိုနာ ခေါ်ယူလို

 

စပိန်လာလီဂါနာမည်ကြီး ဘာစီ လိုနာအသင်းသည် ပရီမီယာလိဂ် ကလပ် ချယ်ဆီးအသင်းမှ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ကို ခေါ်ယူလိုနေကြောင်း သတင်းများ တွင် ဖော်ပြထားသည်။ ချယ်ဆီး အသင်းကလည်း အဆိုပါ တိုက်စစ် ကစားသမားကို ဇန်နဝါရီအပြောင်း  အရွှေ့ကာလတွင် ထွက်ခွာခွင့်ပြု ဖွယ်ရှိသောကြောင့်    အပြောင်း အရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိသည်။

 


ဇီယက်သည် ယခုနှစ်ရာသီ တွင် နည်းပြတူချယ်လက်အောက် ၌   ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံး နေသည့်    ကစားသမားတစ်ဦး   ဖြစ်သည်။   ၎င်းသည်   အိုင်းယက်စ် အသင်းမှ    ချယ်ဆီးအသင်းသို့ ပြီးခဲ့သည့်နှစ်တွင် ရောက်ရှိလာပြီး ယခုနှစ်ရာသီတွင် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲသာ  ပါဝင် ကစားခွင့်ရရှိထားသေးသူ ဖြစ် သည်။ 

 


ဘာစီလိုနာနည်းပြသစ် ဇာဗီ သည် ကစားသမားသစ်များခေါ်ယူ ကာ အသင်းကို ပြုပြုပြောင်းလဲမှု များစွာပြုလုပ်လိုနေပြီး   မန်စီးတီး အသင်းမှ  တိုက်စစ်ကစားသမား ရာဟင်   စတားလင်းနှင့် ချယ်ဆီး  အသင်းမှ တိုက်စစ်ကစားသမား ဟာကင် ဇီယက်တို့ကို ခေါ်ယူရန် ဆန္ဒရှိနေသည်။ 
ချယ်ဆီးအသင်းသည် ဘာစီ လိုနာအသင်း၏  ကမ်းလှမ်းမှုကို   လက်ခံဖွယ်ရှိပြီး  ဇီယက်ကို အပြီး သတ် ဝယ်ယူခွင့်နှင့်အတူ ကနဦး အငှားဖြင့်    ထွက်ခွာခွင့်ပြုဖွယ်ရှိ သည်။  အသက် ၂၈ နှစ်အရွယ်ရှိ ဇီယက်သည် ယခုနှစ်ရာသီတွင် ပရီမီယာလိဂ် ပွဲစဉ် (၁၁) ပြီးဆုံး ချိန်တွင် ချယ်ဆီးအသင်းအတွက် ပွဲထွက်ခွင့်နှစ်ပွဲသာ ရရှိထားသည်။ တိုက်စစ်ကစားသမား    ဇီယက် ကို    ဘာစီလိုနာအသင်းအပြင် ဘွန်ဒက်စ်လီဂါကလပ်     ဒေါ့မွန် အသင်းကလည်း  ခေါ်ယူရန် စိတ် ဝင်စားနေကြောင်း သိရသည်။ 

 


ဘာစီလိုနာ    အသင်းသည် လာလီဂါပွဲစဉ် (၁၂)    အပြီးတွင် သုံးပွဲအထိ ရှုံးပွဲကြုံတွေ့ထားပြီး ငါးပွဲသရေကျကာ      လေးပွဲသာ နိုင်ပွဲရရှိထားသည်။   ထို့ကြောင့် ဘာစီလိုနာအသင်းသည် အမှတ် ပေးဇယားတွင် ရမှတ် ၁၇ မှတ်ဖြင့် အဆင့် (၉) နေရာတွင် ရပ်တည် နေပြီး ဦးဆောင်သူ ရီးရဲဆိုစီဒက် အသင်းနှင့် ၁၁ မှတ်အထိ ကွာဟ လျက်ရှိနေသည်။       ဘာစီလိုနာ အသင်းသည် လာမည့် ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၁ ရက်တွင် အက်စ်ပန် ညိုအသင်းနှင့် ယှဉ်ပြိုင်ကစားရ မည် ဖြစ်သည်။        

အောင်ဇော်