
နေပြည်တော် ဩဂုတ် ၂၀
လက်ရှိမိုးရာသီကာလအတွင်း ဇူလိုင် ၂၇ ရက်မှစ၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့ မီးရထား၏ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်း မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့ တွင် ရထားသံလမ်းပေါ်သို့ ရေကျော် တက်ခြင်း၊ ရထားတံတားအချို့၏ ရေလယ် တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရ ခြင်းတို့ ကြုံတွေ့ခဲ့ရသဖြင့် ရထားခရီးစဉ် များကို ယာယီရပ်နားထားခဲ့ရပြီး ရေကျော် စီးဆင်းနေသောနေရာများတွင် ရေကင်း စောင့်ဝန်ထမ်းများ နေ့/ည မပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေကျသွားသည့် ရထားလမ်းပိုင်းအတွင်း မြန်မာ့မီးရထား တာဝန်ရှိသူများနှင့် လုပ်သားများက သံလမ်းပြေးယာဉ် RGC များအသုံးပြု၍ ကျောက်များချခြင်း၊ ရထားလမ်းနှင့် တံတားများ၏ ကြံ့ခိုင် ရေးလုပ်ငန်းများကို နေ့စဉ်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ယခုအခါ ဩဂုတ် ၁၉ ရက် တိုင်းတာစစ်ဆေး ချက်များအရ ဇရပ်လှ-ရေကြည် လမ်းပိုင်းအတွင်း သံလမ်းမျက်နှာပြင် အောက် တစ်လက်မခန့်အထိ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရထား လမ်းပိုင်းနှင့် တံတားကြံ့ခိုင်မှုများ စစ်ဆေးမှုအရ ရထားများ ဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်၍ သံလမ်း ပြေးယာဉ် RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပြီး ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီတွင် လမ်းပိုင်းပြန်လည်ဖွင့်လှစ် ခဲ့ရာ ယနေ့မှ စတင်၍ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းတွင် ယာယီရပ်နားထားသော အမှတ် (၁၈၁)အဆန် လူစီးအမြန်ရထားကို ပုသိမ်မှ ကြံခင်း သို့ လည်းကောင်း၊ အမှတ်(၁၈၂) အစုန် လူစီးအမြန် ရထားကို ဟင်္သာတမှ ပုသိမ်သို့လည်းကောင်း ပြေးဆွဲ ပေးသည်။
အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိ
ထို့အတူ ခရီးစဉ်အစအဆုံးဖြစ်သည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/ အဆန် ရထားများကို ဩဂုတ် ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာ့ မီးရထားအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့ မြန်ဆန်စေ ရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦ များ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထား ပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်