
နေပြည်တော် ဇွန် ၂၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်း (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) တို့၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဒီပလိုမာရရှိ သည့် ကျောင်းဆင်းမောင်မယ် များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက စိုက်ပျိုးမွေးမြူရေး ကဏ္ဍအတွက် လိုအပ်လျက်ရှိ သည့် လက်တွေ့ကျွမ်းကျင်သော အလယ်အလတ်အဆင့် ပညာရှင် များကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ် ကြီး) အနေဖြင့် ယနေ့အထိ စိုက်ပျိုးရေး ဒီပလိုမာ ၂၇၃၁ ဦး နှင့် မွေးမြူရေးဒီပလိုမာ ၆၇ ဦး စုစုပေါင်း ၂၇၉၈ ဦး မွေးထုတ်ပေး နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ကျောင်းများအနေဖြင့် ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ ၂၅၀၀၀ ကျော်နှင့် မွေးမြူရေး ဒီပလိုမာလက်မှတ်ရ ၄၀၀ ကျော် ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း၊ စိုက်ပျိုးရေးနိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေး အခြေခံ အသက်မွေးဝမ်းကျောင်း ပညာ တတ်မြောက်သူများ ပိုမိုမွေးထုတ် ပေးရန် ဆက်လက်ကြိုးပမ်းသွား ကြရန်လိုကြောင်း၊ အရည်အချင်း ပြည့်မီသူများအနေဖြင့် စိုက်ပျိုး ရေး သိပ္ပံဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့များ ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားပြီး စိုက်ပျိုး ရေးနှင့် မွေးမြူရေးသိပ္ပံ ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သူများကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလာရွှေသီဟ၊ Super brothers နှင့် CHITA စသည့် လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေး ပုဂ္ဂလိက အလုပ်ရုံများသို့ သွားရောက်၍ ခြောက်သွား လင်ပန်းထယ်၊ ခုနစ်သွား လင်ပန်းထယ်၊ Front Blade၊ Front Loader၊ Lug Wheels၊ မျိုးစေ့ချကိရိယာ (Seeder)၊ ပြောင်းသီးနှံ အခြောက်ခံစက် (Dryer) နှင့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်နေမှု ကို ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင် များ၊ အလုပ်ရုံ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့ ရေ၊ မြေ သဘာဝနှင့် ကိုက်ညီသော လယ်ယာသုံး စက်ကိရိယာများ မွမ်းမံဆန်းသစ်တီထွင် ထုတ်လုပ် နိုင်ရေး ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်