ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ) ဒုတိယနေ့ ဆက်လက်ကျင်းပ

 

ရန်ကုန်   ဩဂုတ်   ၇


မြန်မာနိုင်ငံ၏   တစ်ဆက်တစ်စပ်တည်းသော မြန်မာ့ သမိုင်းစဉ်ကို   ရေးသားပြုစုရန်   ပျူခေတ်ဆိုင်ရာ အထောက်အထား    အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ) ဒုတိယနေ့ကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့   ပြည်လမ်းရှိ    အမျိုးသားပြတိုက် (ရန်ကုန်)၌ ဆက်လက်ကျင်းပသည်။


ဆွေးနွေးပွဲသို့     သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဒေါ်နုမြဇံ၊  မြန်မာ သမိုင်းအဖွဲ့ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ဌာန ဆိုင်ရာအကြီးအကဲများ၊   ပညာရှင်များ၊   ပျူခေတ် သုတေသနတူးဖော်မှုလုပ်ငန်းများတွင်      ပါဝင် ဆောင်ရွက်ခဲ့သူများ၊  ပျူယဉ်ကျေးမှုနှင့် ပျူခေတ် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင်    သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန   ဒုတိယဝန်ကြီးက   အမှာစကားပြော ကြားပြီး ပျူအက္ခရာနှင့်ပျူစာပေဆိုင်ရာ တွေ့ရှိချက် များနှင့်  ပတ်သက်သည့်   အထောက်အထားများ ၊ သံခေတ်နှင့်   ပျူခေတ်အရိုးနမူနာများမှ  ကာဗွန် သက်တမ်းနှင့်     DNA Sequencing      ဆိုင်ရာ   သုတေသနဆောင်ရွက်နေမှု      အခြေအနေများ၊ ပျူဘာသာစကားရှိ အရေအတွက်နှင့် အစဉ်ဖော်ပြမှု စနစ်များအား   ပညာရှင်များက  ရှင်းလင်းဆွေးနွေး ကြရာ  ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက  သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။  


ပျူခေတ်ဆိုင်ရာ   အထောက်အထား    အချက် အလက်ဆွေးနွေးပွဲ၏ ကဏ္ဍတစ်ခုဖြစ်သော   ပျူ အက္ခရာနှင့်    ပျူစာပေဆွေးနွေးပွဲကို   နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။           

သတင်းစဉ်

+