
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများ နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင် တိုက်ကြီးများမှ စာချစာသင် ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကသုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင် ပုံနှိပ်ပြီး ကျမ်းစာအုပ် ၂ အုပ်၊ ပုံနှိပ်ဆဲ ၆ အုပ်၊ စာသားများစစ်ဆေးဆဲ ၁၇ အုပ်၊ စာမူပြုစုဆဲ ၆ အုပ်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျမ်းစာအုပ် ၂၀ အုပ်ရှိပါသည်။
၂။ အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ကျမ်းစာအုပ် တစ်အုပ် လျှင် ငွေကျပ် ၃၀,၀၀၀/- နှုန်းဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁,၀၀၀ စီ ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အလှူရှင်များအနေဖြင့် မိမိတတ်နိုင်သည့် စာအုပ်အရေ အတွက်အတိုင်း ပညာပါရမီဖြည့်ဆည်းလှူဒါန်းနိုင်ပါသည်။
၄။ လှူဒါန်းလိုပါက ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး)၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဖုန်း-၀၆၇၃၄၀၆၂၇၆၊ ၀၉၄၂၀၇၀၁၄၆၃၊ ဦးကျော်လွင် (ညွှန်ကြားရေးမှူး)၊ သာသနာရေးဦးစီးဌာန၊ ဖုန်း-၀၆၇၃၄၀၆၂၃၂၊ ၀၉၄၀၀၅၁၆၇၇၇၊ ဦးကျော်မိုး(ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဖုန်း-၀၁၈၆၆၁၂၇၅၊ ၀၉ ၄၀၂၁၈၈၂၁၄၊ ဦးဝင်းသိန်းထွန်း(ညွှန်ကြားရေးမှူး)၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ ဖုန်း - ၀၂၄၀၆၁၁၁၂၊ ၀၉၄၂ ၁၀၀၀၈၄၈၊ ဦးဇော်ဦး(ညွှန်ကြားရေးမှူး)၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၁၆၅၁၂၀၉၊ ၀၉၂၀၃၈၅၆၃၊ ဦးကျော်လှိုင် (ညွှန်ကြားရေးမှူး)၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၂၄၀၃၆၃၁၂၊ ၀၉၂၆၃၉၉၉၀၀၁ တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း အပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန