ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးထိခိုက်ပျက်စီးကာ ခရီးသည်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  မေ  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး   ဝက်လက်မြို့နယ် ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာ နေသည့် မော်တော်ယာဉ်များအား မေ ၂၁ ရက် နံနက်ပိုင်းက   PDF  အမည်ခံအကြမ်းဖက် သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်သဖြင့်  ခရီးသည်တင်မှန်လုံယာဉ် တစ်စီး ထိခိုက်ပျက်စီးကာ ခရီးသည်အမျိုးသမီး နှစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ကလေးမြို့    ညောင်ပင်သာ ရပ်ကွက်နေ ဦးနေဇော်လတ်(၃၅)နှစ် မောင်းနှင် သည့် High Class ခရီးသည်တင်မော်တော် ယာဉ်သည် ခရီးသည် ၂၃ ဦး  တင်ဆောင်ကာ မန္တလေးမြို့မှ ကလေးမြို့သို့ ရွှေဘို-မန္တလေးကားလမ်းအတိုင်းမောင်းနှင်လာစဉ်    နံနက် ၄ နာရီ မိနစ် ၂၀ တွင်   ဝက်လက်မြို့နယ် လှတောကျေးရွာအဝင် ရွှေဘို-မန္တလေးကားလမ်းမကြီးမိုင်တိုင်အမှတ် ၅၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားအရောက်၌ လမ်း၏ယာဘက် ဘေးမှ အကြမ်းဖက်သမားများက လက်လုပ် မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ ဝဲ၊ ယာ  လေကာမှန် များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်တို့ ထိခိုက် ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ် လိုက်ပါစီးနင်း လာသည့် ခရီးသည် အမျိုးသမီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

 


ဖြစ်စဉ်တွင်   ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ဆေးကုသမှုခံယူ နိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များ က မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး   ခရီးသွား ပြည်သူများ   ထိခိုက်ဒဏ်ရာရရှိ စေရန် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့်   အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင် များက  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။                  

 သတင်းစဉ်