
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဈေးကွက်၌ ဇွန်လ ပထမပတ်မှ စတင်၍ နှမ်းနက်များ စတင်ဝင်ရောက် ၍ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေ ဖြင့် ဒေသတွင်းဆီစက်များမှ ဆီကြိတ်ခွဲရန်အတွက် ဝယ်ယူခြင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချခြင်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် နှမ်းနက်ဈေးနှုန်း များတည်ငြိမ်၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)