ရွှေဘိုဈေးကွက်၌ ပဲစင်းငုံအနီများ ဈေးနှုန်းအနည်းငယ်လျော့နည်း၍ အရောင်းအဝယ်ဖြစ်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဈေးကွက်သို့ ဇွန်လကုန်မှစတင်၍ ပဲစင်းငုံ အနီများ  ဝင်ရောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်လဒုတိယအပတ် တွင်   အရောင်းအဝယ်ဖြစ်သည့်   ဈေးနှုန်းအနေဖြင့်   ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၃၈၃၀ဝ ပေါက်ဈေးရှိပြီး  တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ  တင်းပေါင်း ၄၀၀ ၊  တန်အားဖြင့် ၁၃ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  ဇူလိုင်လပထမအပတ်နှင့် ဇူလိုင်လ ဒုတိယအပတ်  အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများ   နှိုင်းယှဉ်ပါက ဇူလိုင်လပထမအပတ်၌ ပဲစင်းငုံအနီ တစ်တင်းလျှင် ငွေကျပ် ၁၄၀၀၀ဝ ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လဒုတိယအပတ်တွင် ပဲစင်းငုံအနီ တစ်တင်း လျှင် ငွေကျပ် ၁၇၀ဝ လျော့နည်း၍ ဝင်ရောက်သမျှ  အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ရွှေဘိုဈေးကွက်မှ သိရသည်။            

DOCA(စစ်ကိုင်း)