
ရွှေဘို ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် (၅)အခြေခံပညာ အထက်တန်း ကျောင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန် က စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
ယင်းနောက် ကျောင်းသားကျောင်းသူလေးများက မောင်ခင်မင် (ဓနုဖြူ)ရေးသားသည့် အမွေခံသူ တစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်မှ “ပညာတတ်ဖိုစာဖတ်ကြ စို့” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ၊ ကျောင်းစာကြည့် တိုက်အတွင်း စာပေဖတ်ရှုလေ့လာ နေမှု၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ များ၊ ကျောင်းသား ကျောင်းသူလေးများအား ဒုတိယဦးစီးမှူးဒေါ်ခိုင်ဇင်နှင့် ဒေါ်ဆန်းမြို့ကြွယ် တို့က ပုံပြင်ရုပ်ပြစာအုပ်များ ဖတ်ရှုပြသခြင်းများ ပြုလုပ်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)