ရွှေဘိုမြို့၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီး

ရွှေဘို      ဇွန်      ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း များ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးသင်တန်းကျောင်း၌ ကျင်းပ သည်။အခမ်းအနားတွင် ၂၀၂၂ -၂၀၂၃ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၇၈၉ ပြား၊ ဆေးခြောက် ၀ ဒသမ ၂၅၉၆၄ ကီလို၊ ဘိန်းဖြူ  ဝ ဒသမ ၀၀၉၈ ကီလို၊ ဘိန်းစိမ်း ၁၄ ဒသမ ၉၈၄၀၄ ကီလို စုစုပေါင်း တန်ဖိုးငွေကျပ် ၈၅၅၆၂၇၆၀ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။                               ခရိုင်(ပြန်/ဆက်)